1 ပတ် - ဘာသာပြန်ပါ။

ရာသီသိမ်းပွဲတွင် ကလပ်သမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားအား ကွင်းပွဲကြည့်စင်အမည်ပေးကာ ဂုဏ်ပြုလာမဲ့ ပရီးမီးယားလိဂ်ကလပ်
====================

နော်တင်ဟမ်ဖောရက်စ်ဟာ ဘုန်းမောက်နှင့် ရင်ဆိုင်ကစားရမဲ့ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲတွင် ကလပ်ဂန္ထဝင်ဂျွန်ရောဘတ်ဆင်အား ပွဲကြည့်စင်အမည်ပေးကာ ဂုဏ်ပြုလာပါမယ်။
ရောဘတ်ဆင်ဟာ နော်တင်ဟမ်ဖောရက်စ်သမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ကလပ်ပိုင်ရှင်အီဗန်ဂျီလို့စ်မာရီနာကစ်က ဘုတ်အဖွဲ့အား ပွဲကြည့်စင် အမည်ပေးဂုဏ်ပြုရန် တောင်းဆိုခဲ့ပါတယ်။
ယခုအခါ နော်တင်ဟမ်ဖောရက်စ်ဟာ City Ground မှ Bridgford Stand ပွဲကြည့်စင်ကို John Robertson Stand လို့အမည်ပေး ဂုဏ်ပြုလာပါမယ်။
စကော့တလန်ကစားသမားဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းက အသက် ၇၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။
ဖောရက်စ်ဟာ ဘုန်းမောက်နှင့် ရာသီသိမ်းပွဲတွင် ဂျွန်ရောဘတ်ဆင်ရဲ့မိသားစုဝင်များ၊ ကစားသမားဖော်ဟောင်းများ အထူးဖိတ်ကြားထားပါတယ်။
ရောဘတ်ဆင်ဟာ ဘရိုင်ယန်ကလောက်လက်ထက်တုန်းက ဖောရက်စ်တို့ အကြီးအကျယ်အောင်မြင်မှု ရရှိခဲ့တဲ့ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတုန်းက အရေးပါခဲ့တဲ့ အခန်းကဏ္ဍမှ ကစားခဲ့သူ ဖြစ်ပါတယ်။
စကော့တလန်အတွက် ၂၈ ပွဲကစားခဲ့တဲ့ တောင်ပံကစားသမားဟာ ဖောရက်စ်ကို ဥရောပဖလား ၂ ကြိမ် ရရှိအောင် ကူညီခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အမှတ်ပေးဖလား ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်လည်း ဆွတ်ခူးခဲ့ပါတယ်။
သူဟာ စကော့တလန်နှင့်အတူ ကမ္ဘာ့ဖလား ၂ကြိမ် ကစားခဲ့ကာ နယူးဇီလန်အား ၅-၂ ဖြင့် ၁၉၈၂ ကမ္ဘာ့ဖလား အနိုင်ရတဲ့ပွဲတွင် သူ့ရဲ့ တစ်ဂိုးတည်းသော ကမ္ဘာ့ဖလားဂိုးအား သွင်းခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ၁၉၈၁ ခုနှစ်တုန်းက ဝင်ဘာလေကွင်းတွင် အင်္ဂလန်အား အနိုင်ရတဲ့ပွဲတွင် စကော့တလန်ရဲ့ အနိုင်ဂိုးကိုလည်း သွင်းခဲ့သူ ဖြစ်ပါတယ်။

image