အသင်းမှ ထွက်ခွာလာမဲ့ ဂွါဒီယိုလာကို အီတီဟတ်ပွဲကြည့်စင်အမည်ပေးကာ ဂုဏ်ပြုရေး မန်စီးတီး ဆွေးနွေးနေ
=====================
မန်စီးတီးဟာ ရာသီအကုန်တွင် အသင်းမှ ထွက်ခွာလာမဲ့ ပက်ဂွါဒီယိုလာရဲ့အမည်အား အီတီဟတ်ကွင်းပွဲကြည့်စင်အမည်ပေးကာ ဂုဏ်ပြုရန် ဆွေးနွေးနေပါတယ်။
ဂွါဒီယိုလာဟာ လာမဲ့ တနင်္ဂနွေနေ့ အက်စတွန်ဗီလာနှင့် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲအပြီးတွင် မန်စီးတီးမှ ထွက်ခွာမယ်လို့ ကြေညာလာမယ်လို့ ယုံကြည်ရပါတယ်။
မန်စီးတီးဟာ တနင်္ဂနွေနေ့တွင် အသစ်တိုးချဲ့အဆင့်မြှင့်တည်ဆောက်မှု ပြုလုပ်ထားတဲ့ မြောက်ဘက်ပွဲကြည့်စင်အား ဖွင့်လှစ်လာပါမယ်။
မန်စီးတီးဟာ ကလပ်ဂန္ထဝင်များဖြစ်ကြတဲ့ ဆာဂျီယိုအဂွဲရိုး၊ ဗင်းဆင့်ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗား၊ ကီဗင်ဒီဘရိုင်းတို့အား ရုပ်ထု ထုလုပ်ဂုဏ်ပြုထားပြီး ဖြစ်ပါတယ်။
ဂွါဒီယိုလာက မန်စီးတီးတွင် ၁ နှစ်ကျန် စာချုပ်အတိုင်း လာမဲ့ရာသီအထိ ရှိနေမယ်လို့ ပြောကြားထားပေမဲ့ ရာသီအကုန်တွင် ထွက်ခွာလာမယ်လို့ ယုံကြည်ရပါတယ်။
မန်စီးတီးဟာ ပက်ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြဟောင်းအန်ဇိုမာရက်စ်ကာအား နည်းပြသစ်အဖြစ် ခန့်အပ်ရေး ဆွေးနွေးမှုများ ပြုလုပ်ထားပြီးလည်း ဖြစ်ပါတယ်။
လာမဲ့ တနင်္ဂနွေနေ့ ဗီလာနှင့် အိမ်ကွင်းပွဲစဉ်မှာ ဂွါဒီယိုလာရဲ့ နောက်ဆုံးပွဲဖြစ်လာမှာ ဖြစ်သလို ဘာနာဒိုဆေးလ်ဗား၊ ဂျွန်စတုန်းတို့အတွက်လည်း နောက်ဆုံးပွဲ ဖြစ်လာပါမယ်။