ကြီးမားတဲ့ တီဗွီ၊ ဘောလုံးကစားနိုင်မဲ့ကွင်းပါဝင်တဲ့ ရေပေါ်ဘောလုံးမြို့တော် တည်ဆောက်လာမဲ့ ကမ္ဘာ့ဖလားအိမ်ရှင်
====================

ကမ္ဘာ့ဖလားအိမ်ရှင်ဟာ ပြိုင်ပွဲအတွက် ရေပေါ် ဘောလုံးမြို့တော်တစ်ခု တည်ဆောက်ာတော့မှာ ဖြစ်ပါတယ်။
အင်မတန်အံ့ဩသင့်စရာကောင်းလာမဲ့ ရေပေါ် ဘောလုံးမြို့တော်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲများကို ကြည့်ရှုနိုင်မဲ့ ကြီးမားတဲ့ တီဗွီကြီးတစ်ခု ပါဝင်လာမဲ့အပြင် ဘောလုံးကစားနိုင်မဲ့ ကွင်းလည်း ပါဝင်လာပါမယ်။
ဆက်တယ်၊ ဝါရှင်တန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် တစ်ကမ္ဘာလုံးမှ ဘောလုံးပရိသတ်များ ကြီးကျယ်ခမ်းနားတဲ့ အတွေ့အကြုံ ခံစားရစေရေး ပြိုင်ဘက်ကင်းတဲ့ ရေပေါ်ဘောလုံးမြို့တော်တည်ဆောက်လာမှာလည်း ဖြစ်ပါတယ်။
မေဂျာလိဂ်ကလပ် ဆက်တယ်ဆောင်းဒါးက အယ်လီယော့ပင်လယ်အော်ရှိ ဆိပ်ခံတံတား ၆၂ တွင် Seattle Soccer Celebration ကို ကျင်းပလာမှာ ဖြစ်ကြောင်း ကြေညာလာတာပါ။
ရေပေါ်ဧရိယာပြင်ကြီးကို ပြိုင်ပွဲအတွင်း ပရိသတ်အမြောက်အမြား လာရောက်ကြည့်ရှုနိုင်ရေး ဒီဇိုင်းဖန်တီးထားတာပါ။
ယင်း Seattle Soccer Celebration ကို MLS ရဲ့ Seattle Sounders၊ NWSLရဲ့ Seattle Reign နှင့် RAVE Foundation တို့က ကြီးမှူးကျင်းပလာမှာ ဖြစ်ပါတယ်။
Seattle Soccer Celebration တွင် ပရိသတ်များအနေဖြင့် ကမ္ဘာ့ဖလားပွဲများကို ကြီးမားတဲ့ LED TV ဖြင့် တိုက်ရိုက်ပြသလာပါမယ်။
ဒါပေမဲ့ ဂီတနှင့် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်သလို ဆယ်တယ် အစားအစာနှင့် ယဉ်ကျေးမှုတို့ကိုလည်း ထည့်သွင်းလာပါမယ်။
ဆက်တယ်ရှိ Lumen Field မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမဲ့ ကွင်း ၁၆ ကွင်းမှ တစ်ကွင်းဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် Lumen Field ကွင်းမှာ စုစုပေါင်း ပွဲ ၆ ပွဲလက်ခံကစားသွားပါမယ်။
Lumen Field ဟာ ဘယ်လ်ဂျီယံနှင့် အီဂျစ်ပွဲ၊ အီရန်နှင့် အီဂျစ်ပွဲတို့အပြင် ၃၂ သင်း ရှုံးထွက်အဆင့်ပွဲ၊ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲများကိုလည်း လက်ခံကစားလာပါမယ်။
Seattle Soccer Celebration ကို ဇွန်လ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လာမှာ ဖြစ်ပြီး ဆက်တယ်တွင် ကျင်းပမဲ့ ကမ္ဘာဖ့လားပွဲ နောက်ဆုံးပွဲ နေ့အထိ ဖွင့်လှစ်လာပါမယ်။

image