ယူနိုက်တက်အနာဂတ်ကို ကွင်းလယ်ကစားသမားမေဆင်မောင့် ဆုံးဖြတ်ချက်ချလာ
===================

မေဆင်မောင့်ဟာ မိုက်ကယ်ကာရစ်လက်အောက်တွင် အကန့်အသတ်ဖြင့်သာ ကစားလာခဲ့ရပေမဲ့လည်း လာမဲ့ရာသီတွင် ယူနိုက်တက်တွင်ပင် ဆက်လက် ကစားရန် ဆုံးဖြတ်လာပါတယ်။
အသက် ၂၆ နှစ်ရှိ မေဆင်မောင့်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဆန်းဒါးလန်းနှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင် မိုက်ကယ်ကာရစ်လက်အောက်တွင် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး ယခုရာသီ တတိယအကြိမ်မြောက်အဖြစ် ပွဲချိန်ပြည့်ကစားခဲ့ပါတယ်။
ချဲလ်ဆီးကစားသမားဟောင်းဟာ ယူနိုက်တက်နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး လာမယ့်ရာသီတွင် ယူနိုက်တက်မှာ အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်သေးတယ်လို့ အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ပါတယ်။
မေဆင်မောင့်ဟာ ဒဏ်ရာပြဿနာများကြောင့် အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်လာရပေမဲ့လည်း ယူနိုက်တက်ကစားသမားဘဝ ဦးမော့လာရေး အစွမ်းကုန်ကြိုးပမ်းရန် ဆုံးဖြတ်ထားပါတယ်။
တဖက်တွင် မေဆင်မောင့်ဟာ လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမှုနှင့်အတူ လုပ်ခ ပေါင် ၂၅၀၀၀၀ ဝန်းကျင် ရရှိလာမှာ ဖြစ်ပြီး ယူနိုက်တက်ရဲ့လုပ်ခအများဆုံးရ ကစားသမားများထဲတွင် ပါဝင်လာပါမယ်။
ကက်စ်မီရိုနှင့် ဂျာဒွန်ဆန်ချိုတို့က ပေါင် ၃၅၀၀၀ ဝန်းကျင်စီ ရရှိလာခဲ့ကြပေမဲ့လည်း နွေရာသီမှာ အိုးထရက်ဖို့ဒ်မှ ထွက်ခွာလာကြပါမယ်။
တဖက်တွင် ယူနိုက်တက်ဟာ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ပေးနေရတဲ့ မားကပ်စ်ရက်ဖို့ဒ်ကိုလည်း နွေရာသီတွင် အပြီးသတ် ရောင်းချလာပါမယ်။
ယူနိုက်တက်ဟာ နွေရာသီတွင် မန်နူရယ်အူဂတ်တီကိုလည်း ရောင်းချလာပါက အလယ်တန်းကစားသမား ၂ ဦးအထိ ခေါ်ယူရေး ကြိုးပမ်းလာပါမယ်။
ဂျိုရှာဇတ်ဇီးမှာလည်း ထွက်ခွာလာမည်ဆိုပါက မေဆင်မောင့်မှာ အလယ်တန်းတွင် အခွင့်အရေး ပိုမိုရရှိလာနိုင်ပါတယ်။
ကွင်းလယ်ကစားသမားမေဆင်မောင့်ဟာ တောင်ပံနှစ်ဖက်လုံးတွင်လည်း ကစားနိုင်သူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မေဆင်မောင့်ကို ၂၀၂၃ ခုနှစ်တုန်းက ချဲလ်ဆီးမှ ပေါင်သန်း ၆၀ အထိပေးကာ ဝယ်ယူခဲ့တာ ဖြစ်ပြီး ဂန္ထဝင်ကျောနံပါတ် ၇ အား ဝတ်ဆင်ခွင့်ပေးထားပါတယ်။

image