ဘာလို လူငယ်တွေ ဆန်စပါးလုပ်ငန်းကို စိတ်မဝင်စားကြတာလဲ..🌾❓
ဆန်စပါးလုပ်ငန်းနဲ့ ပက်သက်ရင် လေ့လာသူတွေ အရမ်းနည်းပါတယ်။
ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းက လူပင်ပန်းတယ်၊ စိတ်ပင်ပန်းတယ်၊ နေပူထဲမှာလုပ်ရတယ်၊ မလွယ်ကူတဲ့အလုပ်တစ်ခုဖြစ်လို့ပါ။
အခုခေတ် လူငယ်လူလက်ပိုင်းတွေ ဒီလုပ်ငန်းကို အထူးစိတ်ဝင်စားတာ မတွေ့ရပါဘူး။
ကျနော့်ရဲ့ Facebook အကောင့်နဲ့ TikTok အကောင့်တွေမှာလည်း ဆန်စပါးနဲ့ ပက်သက်ပြီး လာမေးမြန်းကြတဲ့သူတွေထဲမှာ အသက် (40/5 ဝန်းကျင် လူကြီးပိုင်းတွေ ပိုများနေတာကို တွေ့ရပါတယ်။
အသက် (20/3 အရွယ်တွေထဲမှာ ဆန်စပါးလုပ်ငန်းကို စိတ်ဝင်စားသူဆိုတာတော့ တကယ်ရှားပါတယ်။
များသောအားဖြင့် အိမ်ထောင်ကျပြီးမှ လင်ယူ၊ မိန်းမယူပြီးမှ ကိုယ်ပိုင်ဆန်ဆိုင်လေး ဖွင့်ချင်လာတယ်၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ချင်လာကြတယ်။
ဒါပေမယ့် ဘယ်ကနေစပြီး လေ့လာရမလဲ မသိတော့ဘူး။အခြေခံကတည်းက မလေ့လာထားတဲ့အတွက် ကိုယ်တိုင် စလုပ်မယ်ဆိုရင် စမ်းတဝါးဝါး ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် လူငယ်တွေကို တိုက်တွန်းချင်တာက
ကိုယ်ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ငယ်ရွယ်တဲ့အချိန်မှာ တက်မြောက်သင့်တဲ့ အတတ်ပညာတွေကို ကြိုးစားလေ့လာထားကြပါလို့ အကြံပေးချင်ပါတယ်။
သင်ယူချင်တဲ့ လူငယ်တွေရှိလား...???