#ငါးကြင်းရခိုင်ငပိချက်ဟင်းလေးချက်စားကြမယ်နော်

ငါးကြင်း ၂၀သားကိုတုံးပြီးရေဆေး
ဆား ဆနွင်း အရသာမှုန့်လေးနယ်ပြီးပြုတ်လိုက်ပါ။
စိမ်းစားငပိတစ်ဇွန်းကိုရေဖျော်ပြီးစစ်ထည့်ပါ။
ကြက်သွန်ဖြူ ၃လုံးထောင်းထည့်ပါ။
ငရုတ်သီးစိမ်း ၅ကျပ်သားကိုညှပ်ထည့်ပါ။
နောက်ဆုံးမှ မန်ကျည်းသီးရည်ထည့်ပါ။
လွယ်ကူရိုးရှင်းပြီး ထမင်းစားမြိန်တဲ့ ချဉ်ငံစပ်
ငါးကြင်းရခိုင်ငပိချက်လေးကို တို့စရာစုံလင်စွာနဲ့စားမယ်နော်.....

image