မိတ်ဆွေတို့ရေ... ထမင်းစားပြီးနောက် သစ်သီးစိမ်ရေ (Detox Water) ကို သောက်သုံးခြင်းဖြင့် အဆီအဆိမ့်ကို ပြေစေရုံသာမက အသည်းနှင့် ကျောက်ကပ်ကိုပါ သန့်စင်ပေးပါတယ်။ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာတွေမှာ အလွန်ခေတ်စားနေတဲ့ ဒီ သစ်သီးစိမ်ရေအကြောင်းကို အခုပဲ မျှဝေပေးချင်ပါတယ်။
Detox Water ဆိုတာ ဘာလဲ?
Detox Water ဆိုတာ သစ်သီး၊ ဟင်းသီးဟင်းရွက်များကို ရေဖြင့် စိမ်ထားတဲ့ ဖျော်ရည် ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီရေကို သောက်သုံးခြင်းဖြင့် နေ့စဉ်စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်စင် ရှင်းလင်းပေးပြီး အဆိုပါ ကလီစာများကို ရောဂါကင်းစင်ကာ သန်မာလာစေတယ်လို့ သိရပါတယ်။
အလွယ်တကူ ပြုလုပ်နိုင်သော Detox Water နည်းလမ်းများ
မိမိနှင့် အဆင်ပြေမယ့် နည်းလမ်းတစ်ခုခုကို ရွေးချယ်ပြီး အနည်းဆုံး ၆ နာရီမှ ၁၀ နာရီခန့်အထိ စိမ်ထား ပြီးမှ သောက်သုံးနိုင်ပါတယ်။ ရေနည်းသွားရင် ပြန်ဖြည့်နိုင်ပြီး စိမ်ထားတဲ့ ရေများကို ၂ ရက် (၄၈ နာရီ) အတွင်း ကုန်အောင် သောက်ပေးဖို့ အကောင်းဆုံးပါပဲ။
• (၁) အခြေခံ Detox (သခွား/သံပုရာ/ပူစီနံ): ဖန်ခွက် သို့မဟုတ် ရေဘူးထဲ ရေထည့်ပါ။ သခွားသီးကွင်း၊ သံပုယိုသီးကွင်းနှင့် ပူစီနံရွက် တို့ကို ထည့်စိမ်ပြီး သောက်ပါ။
• (၂) ပန်းသီးနှင့် သစ်ဂျပိုးပန်းသီးစိတ် နှင့် သစ်ဂျပိုးမှုန့် အနည်းငယ် ကို ရေထဲ ထည့်စိမ်ပြီး သောက်ပါ။
• (၃) Apple Cider Vinegar: ACV (ပန်းသီးရှာလကာရည်) အနည်းငယ်ကို ရေထဲ ထည့်စိမ်၍ သောက်ပါ။
• (၄) စတော်ဘယ်ရီ: စတော်ဘယ်ရီသီးလေးများ ကို ရေထဲ ထည့်စိမ်၍ သောက်ပါ။
• (၅) ရိုးရှင်းသော Detox: သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး စသည့် တစ်မျိုးမျိုးကို တစ်စိတ် လောက် ညှစ်ထည့်၍ သောက်ပါ။
• (၆) ကိုယ်အလေးချိန် လျှော့ချရန်: Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီး တို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ဝိတ်ကျစေဖို့ အထောက်အကူပြုပါတယ်။
• (၇) အကောင်းဆုံး (အရသာရှိဆုံး) ဖျော်ရည်: သခွားသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင် ထည့်စိမ်ပြီး သောက်ပါ။
အလွယ်ဆုံး Detox Water (တစ်ရက်စာ)
မနက်ဖြန်သောက်ဖို့ ဒီနေ့ညကတည်းက စိမ်ထားလို့ရတဲ့ အလွယ်ဆုံးနည်းလမ်းလေးပါ။
လိုအပ်တဲ့ပစ္စည်းများ
--------------------
သံပုရိုသီး (၁)လုံး အကွင်းလေးတွေလှီးပါ။
သခွားသီးအလုံးသေး (၁)လုံး ပါးပါးလှီးပါ။
ဂျင်းလက် (၁)ဆစ် ပါးပါးလှီးပါ။
ပန်းသီး အသေး (၁)ခြမ်း အခွံနွှာပြီးအတုံးလေးတွေ တုံးပါ။
ဖရဲသီး အတုံးသေး (၅/၆)တုံးခန့် ထည့်ပါ။
ပူစီနံ (၅)ရွက် ထည့်ပါ။
ဒါပါဘဲ..ဒါကတော့အလွယ်ဆုံးလေးပါနော်
Detox Water သောက်ခြင်း၏ အကျိုးကျေးဇူးများ
• အသည်းနှင့်ကျောက်ကပ် သန့်စင်ခြင်း: ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း။
• ကိုယ်အလေးချိန် ကျစေခြင်း: အစာမစားမီ သောက်ပါက ဗိုက်ပြည့်စေသဖြင့် အစားအသောက် အလွန်အကျွံ စားသုံးခြင်းမှ ကာကွယ်ပေးသည်။
• ရေဓာတ်ပြည့်ဝခြင်း: ရေကို ပိုမိုများများ သောက်ဖြစ်စေသည်။
• အသားအရေ စိုပြည်ခြင်း: အသားအရေကို ကျန်းမာလှပစေသည်။
• ဝမ်းမှန်ခြင်း: အဆီကျပြီး ဝမ်းမှန်စေသည်။
ကျန်းမာရေးအတွက် အကြံပြုချက်
• ပိုမိုထိရောက်စေလိုလျှင် အလုပ်နားသည့်ရက်များတွင် ထမင်းဟင်းများ လုံးဝမစားဘဲ Detox Water ကိုသာ တစ်နေကုန် သောက်ပေး ပြီး အသည်း/ကျောက်ကပ်တို့ကို အနားပေးပါ။
• တစ်ပတ်ကို အနည်းဆုံး တစ်ရက်ခန့် ပြုလုပ်ပေးပါက အသည်းနှင့် ကျောက်ကပ် ရောဂါများအတွက် စိုးရိမ်ပူပန်စရာမလိုဘဲ ကျန်းမာသော လူသားတစ်ဦး ဖြစ်လာပါလိမ့်မည်။
• သကြားနှင့် ဓာတ်ငွေ့ပါဝင်သော အချိုရည်များ သောက်မည့်အစား ကိုယ်တိုင်လုပ် သစ်သီးစိမ်ရည် ကို သောက်သုံးပြီး ဒီနေ့ကစပြီး ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။