ချဲလ်ဆီးသို့ ပြောင်းမယ်လို့ အရိပ်အမြွက်ဆိုလာတဲ့ လီဗာပူးရဲ့ ပေါင် ၈၇ သန်းတန် ပစ်မှတ်ယန်းဒေယိုမန်ဒီ
======================
ဥရောပထိပ်သီးကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ လိုက်ဇစ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီဟာ ချဲလ်ဆီးအင်္ကျီဝတ်ဆင်ထားတဲ့ ဓာတ်ပုံအား ဆိုရှယ်မီဒီယာတွင် တင်ကာ ပရိသတ်များကို အံ့ဩသင့်အောင် ပြုလုပ်လာပါတယ်။
အသက် ၁၉ နှစ်ရှိ ကစားသမားဟာ ယူနိုက်တက်၊ လီဗာပူး၊ ချဲလ်ဆီးနှင့် စပါးစ်တို့ရဲ့ ပစ်မှတ်ထားခြင်းခံနေရပါတယ်။
သူဟာ ၂၀၂၃-၂၄ ရာသီတုန်းက ချဲလ်ဆီးသို့ ပြောင်းရေး စမ်းသပ်လေ့ကျင့်ခန်းဆင်းခဲ့သလို ခရစ္စတယ်ပဲလေ့စ်၊ ရိန်းဂျားတို့တွင်လည်း လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။
ယခု သူဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွင် ချဲလ်ဆီးလေ့ကျင့်ရေးကွင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဓာတ်ပုံအား တင်လာတာပါ။
ချဲလ်ဆီးပရိသတ်များဟာ နွေရာသီတုန်းက ခေါ်ယူခဲ့တဲ့ အလီဂျန်ဒရိုဂါနာချို၊ ဂျေမီဂတ်တန်တို့ အောင်မြင်မှုမရခဲ့ပြီးနောက် တောင်ပံကစားသမားသစ်အဖြစ် ဒေယိုမန်ဒီအား မြင်တွေ့လာနိုင်မှုအပေါ် စိတ်လှုပ်ရှားနေကြပါတယ်။
သူဟာ ချဲလ်ဆီးသို့ ပြောင်းရေး မအောင်မြင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် လီဂါနက်စ်သို့ ပြောင်းရေး စမ်းသပ်လေ့ကျင့်ခန်းဆင်းပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ပြောင်းခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ၇ လအကြာတွင်ပင် ရက်ဘူးလ်လိုက်ဇစ်သို့ ၅ နှစ်စာချုပ်ဖြင့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၇ သန်းဖြင့် ပြောင်းခွင့်ရခဲ့ပါတယ်။
သူဟာ လိုက်ဇစ်သို့ ရောက်လာပြီးနောက် ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ ချဲလ်ဆီး၊ စပါးစ်၊ လီဗာပူးတို့ရဲ့ ပေါင် ၈၇ သန်းဖြင့် ခေါ်ယူရေး စိတ်ဝင်စားခြင်းခံနေရပါတယ်။
လီဗာပူးဟာ နွေရာသီတွင် ထွက်ခွာမဲ့ စူပါစတားမိုဟာမက်ဆာလက်နေရာတွင် အစားထိုးရေး တောင်ပံကစာသမားတစ်ဦး ရှာဖွေနေပြီး ဒေယိုမန်ဒီမှာ အဓိကပစ်မှတ်စာရင်းတွင် ပါဝင်ပါတယ်။
ယခုကဲ့သို့ ဒေယိုမန်ဒီက ချဲလ်ဆီးဝတ်စုံဖြင့် ဓာတ်ပုံတင်လာပေမဲ့ ချဲလ်ဆီးဘက်ကတော့ ခေါ်ယူရေး လုပ်ဆောင်လာဖို့ မရှိပါဘူး။ ချဲလ်ဆီးဟာ စပို့တင်းမှ ဂျီယိုဗန်နီကွန်ဒီ ရောက်လာမှာ ဖြစ်လို့ ပေါင်သန်း ၉၀ ဝန်းကျင်သုံပြီး ဒေယိုမန်ဒီကို ခေါ်ယူလာဖို့ မရှိပါဘူး။