ယခုရာသီရဲ့ အကြီးကျယ်ဆုံးဘောလုံးပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအား အာဆင်နယ်ကို ဘက်လိုက်ဆုံးဖြတ်ခဲ့တဲ့ အငြင်းပွားဖွယ် ဒိုင်လူကြီး ကြီးကြပ်လာမည်
======================

ယူအီးအက်ဖ်အေဟာ မေလ ၃၀ ရက်နေ့တွင် ဘူဒါပတ်စ်မှာ အာဆင်နယ်နှင့် ပီအက်စ်ဂျီတို့ ရင်ဆိုင်ကစားမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအား ကြီးကြပ်မဲ့ ဒိုင်လူကြီးအဖြစ် ဒါနီရယ်ဆီဘတ်အား ရွေးချယ်လာပါတယ်။
ဂျာမန်ဒိုင်လူကြီးဟာ ယူအီးအက်ဖ်အေရဲ့ ထိပ်တန်းဒိုင်လူကြီးစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ပေမဲ့လည်း ဖီဖာရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအား ကြီးကြပ်မဲ့ ဒိုင်လူကြီးစာရင်းမှာတော့ ပါဝင်ခြင်း မရှိပါဘူး။
အသက် ၄၂ နှစ်ရှိ ဆီဘတ်ဟာ လွန်ခဲ့တဲ့နှစ်ပတ်တုန်းက အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အား ကြီးကြပ်ခဲ့သူလည်း ဖြစ်ပါတယ်။
ယင်းပွဲစဉ်တွင် ဆီဘတ်ဟာ အာဆင်နယ်ဘက်သို့ အငြင်းပွားဖွယ် ဘက်လိုက်ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပင်နယ်တီဧရိယာအတွင်းတွင် အန်တိုနီဂရက်ဇ်မန်းအား ကာလာဖီအိုရီက ပြစ်ဒဏ်ကျူးလွန်မှုအား မျက်ကွယ်ပြုကာ ယင်းအဖြစ်အပျက်မတိုင်မီ ဂါဘရီရယ်ကို မာ့ခ်ပူဘေးလ်က ပြစ်ဒဏ်ကျူးလွန်မှုကိုသာ အရေးယူခဲ့ပါတယ်။
ယင်းအဖြစ်အပျက်ကြောင့် ယူနိုက်တက်ဂန္ထဝင်ကစားသမားဒေးဗစ်ဘက်ဟမ်းက အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ရဲ့ ပြိုင်ဘက်ဟောင်းအက်သလက်တီကိုမှာ ပင်နယ်တီ ရရှိခဲ့သင့်ကြောင်း ဝေဖန် ပြောဆိုခဲ့ဖူးပါတယ်။
ယင်းပွဲတွင် အာဆင်နယ်တို့ ၁-၀ ဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ခဲ့ပါတယ်။
ဒါ့အပြင် ယူအီးအက်ဖ်အေဟာ မေလ ၂၀ ရက်နေ့တွင် အစ္စတန်ဘူလ်ရှိ Beşiktaş Park တွင် ကစားမဲ့ အက်စတွန်ဗီလာနှင့် ဖရိုင်းဘတ်တို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအား ကြီးကြပ်ရန် ပြင်သစ်ဒိုင်လူကြီးဖရန်ကို့စ်လီတီဇီယာအား ခန့်အပ်လာပါတယ်။

image