ဝက်စ်ဟမ်းစတားဘိုဝင်းကို ခေါ်ယူရေး ပရီးမီးယားလိဂ်ကလပ် ၃ ခု အပြိုင် ကြိုးပမ်းနေ
===================

ပရီးမီးယားလိဂ်ကလပ် ၃ ခုတို့ဟာ ဝက်စ်ဟမ်းစတားဂျာရော့ဒ်ဘိုဝင်းအား ခေါ်ယူရေး အပြိုင်ကြိုးပမ်းလာကြပါတယ်။ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်တွင် တင်ကျန်ရစ်ခဲ့ပါကလည်း ဘိုဝင်းကို ဆုံးရှုံးလာရဖို့ ရှိနေပါတယ်။
ဘိုဝင်းကို ခေါ်ယူရေး ပစ်မှတ်ထားနေတဲ့ကလပ်များတွင် လီဗာပူးက ထိပ်ဆုံးမှ ပါဝင်နေပါတယ်။ လီဗာပူးဟာ ဘိုဝင်းကို ကာလရှည်ကြာစိတ်ဝင်စားလာတဲ့ ကလပ်ဖြစ်ပြီး နွေရာသီတွင် ထွက်ခွာမဲ့ မိုဟာမက်ဆာလက်နေရာတွင် အစားထိုးလိုနေပါတယ်။
နယူးကာဆယ်ကလည်း နွေရာသီတွင် အန်တိုနီဂေါ်ဒွန်အား ရောင်းချလာမှာ ဖြစ်လို့ တိုက်စစ်အတွက် ဘိုဝင်းကို အားဖြည့်လိုနေပါတယ်။
အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်မှာလည်း ၂၀၂၀ ခုနှစ်တုန်းက ဝက်စ်ဟမ်းကို ကိုင်တွယ်စဉ်တုန်းက ဟားလ်စီးတီးမှ ပေါင် ၂၂ သန်းဖြင့် ခေါ်ယူခဲ့တဲ့ ဘိုဝင်းနှင့် ပြန်လည် လက်တွဲလိုနေပါတယ်။
ဝက်စ်ဟမ်းဟာ ကာရန်ဘရာဒီ ထွက်ခွာသွားပြီးနောက် ဘုတ်အဖွဲ့ အပြောင်းအလဲများစွာ ဖြစ်လာမှုနှင့်အတူ နွေရာသီတွင် အသင်းအား အကြီးအကျယ် ရိုက်ခတ်လာမဲ့ အပြောင်းအလဲ ကြုံလာရဖို့ ရှိနေပါတယ်။
တကယ်လို့များ ပရီးမီးယားလိဂ်မှသာ တန်းဆင်းလာရပါက ဝက်စ်ဟမ်းဟာ နွေရာသီတွင် အရေးပါတဲ့ ကစားသမားအမြောက်အမြားတို့ကို လက်လွှတ်လာရပါဦးမယ်။
ယင်းသို့ အခြေအနေမျိုးတွင် ဘိုဝင်းမှာ ပရီးမီးယားလိဂ်တွင် တင်ကျန်ရစ်ပါကလည်း ဝက်စ်ဟမ်းမှ ထွက်ခွာလာနိုင်တဲ့ အခြေအနေများနေပါတယ်။

image