ရေထဲမှာ အရိပ်ပြန်ပေါ်နေတဲ့ ငှက်ပုံလေးတွေ တင်ပေးတဲ့အခါ တော်တော်များများ သဘောကျ ကျတယ်။
ပိန်ညင်းငှက်တွေထဲမှာ ဆင်ပိန်ညင်းက အရွယ်အစား အကြီးမားဆုံးထဲမှာ ပါတယ်။ သူ့ရဲ့ လှပတဲ့ အရောင်အစပ်ကြောင့် လှပတဲ့ ပိန်ညင်းငှက်အမျိုးအစားလို့ သတ်မှတ်လို့ရပါတယ်။
ဆင်ပိန်ညင်းငှက် ရေထဲက အစာကို ဆင်းပြီးစားတဲ့အခါ ရေနဲ့ သူတို့ နှုတ်သီးမထိခင် အချိန်လေးမှာ ဒီလိုမျိုး ပုံလေးတွေ ဓာတ်ပုံရိုက်ခွင့် ရတတ်တယ်။ ကျနော်လည်း သူတို့ အစာဆင်းစားတဲ့အချိန် ကြိုးစားပြီး ဓာတ်ပုံရိုက်ထားပါတယ်။ မနက်စောစောမှာ ဒီပုံလေးကြည့်ပြီး သဘောကျ ကျေနပ်နှစ်ခြိုက်မယ်လို့ ယုံကြည်ပါတယ်။ ☺️☺️