ပေါင်သန်း ၂၅၀ တန် ဇိမ်ခံရွက်လှေမှ ပေါင်သန်း ၂၀၀ တန်ဖိုးရှိ အနုပညာပစ္စည်းများကို စပါးစ်ပိုင်ရှင်ဟောင်းဂျိုးလီဝစ် ရောင်းချလာ
===================

စပါးစ်ပိုင်ရှင်ဟောင်းဂျိုးလီဝစ်ဟာ စူပါဇိမ်ခံရွက်လှေမှ ပေါင်သန်း ၂၀၀ တန်ဖိုးရှိ အနုပညာပစ္စည်းများကို ရောင်းချလာပါတယ်။
အသက် ၈၉ နှစ်ရှိ လီဝစ်ဟာ ပေါင် ၅.၁၃ ဘီလီယံကြွယ်ဝချမ်းသာသူ ဖြစ်ပါတယ်။
သူဟာ ဆာအလန်ရှူးဂါးထံမှ စပါးစ်ကို ဝယ်ခဲ့သလို ပေါင်သန်း ၂၅၀ တန်ဖိုးရှိ ၃၃၂ ပေ ရှည်လျားတဲ့ Aviva အမည်ရှိ ရွက်လှေကိုလည်း ပိုင်ဆိုင်ပါတယ်။
ယင်းဇိမ်ခံရွက်လှေမှာ ဂျိုးလီဝစ်ရဲ့ ရေပေါ် အိမ်နှင့် ရုံးခန်းလို့ နာမည်ကြီးပြီး တင်းနစ်ကွင်းလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ယင်းဇိမ်ခံရွက်လှေအတွင်းတွင် တန်ဖိုးကြီး အနုပညာပစ္စည်းများလည်း ထားထားပါသေးတယ်။
ဒါပေမဲ့ ယခုအခါမှာတော့ ဂျိုးလီဝစ်ဟာ ယင်းများထဲ အချို့သော အနုပညာပစ္စည်းများကို ရောင်းချလာတော့မှာ ဖြစ်ပါတယ်။
သူဟာ သမီးဖြစ်သူဗီဗီယန်နီနှင့်အတူ နှစ်ပေါင်း ၅၀ တိုင်တိုင် စုဆောင်းလာခဲ့တဲ့ ပန်းချီလက်ရာပစ္စည်းများကို လာမဲ့လတွင် လန်ဒန်တွင် လေလံတင် ရောင်းချလာပါမယ်။
ယင်းလေလံပွဲမှာ လေလံသမားတစ်ဦးထံမှ စံချိန်တင်ရောင်းချမှု ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။ လက်ရှိအချိန်တွင် လေလံသမားတစ်ဦးတည်းမှ စံချိန်တင်ရောင်းချရမှုအဖြစ် ပေါင် ၁၀၁ သန်းဖြင့် ရပ်တည်နေပါတယ်။
ယခုရောင်းချလာမဲ့ ပန်းချီကားများတွင် ဂပ်စ်တပ်ဗ်ကလမ့်ရဲ့ ပေါင်သန်း ၃၀ တန်ဖိုးရှိ 1902 Bildnis Gertrud Loew ပန်းချီကားလည်း ပါဝင်ပါတယ်။

image