အိမ်ထောင်ရေး အဆင်မပြေမှုများနှင့် ကြုံနေရတဲ့ အာဆင်နယ်စတားထရိုဆတ်
===================

ဇနီးသည်က ဆိုရှယ်မီဒီယာတွင် တင်ထားတဲ့ သူ့ပုံပါ ဓာတ်ပုံများကို ဖျက်လာမှုနှင့်အတူ အာဆင်နယ်စတားလီယန်ဒရိုထရိုဆတ်ဟာ အိမ်ထောင်ရေးအဆင်မပြေမှုနှင့် ကြုံနေရတယ်လို့ ယုံကြည်ရပါတယ်။
အသက် ၃၃ နှစ်ရှိ လူရာဟီလ်ဗန်ဟာ ဒီဇင်ဘာလကတည်းက လက်ထပ်လက်စွပ် မဝတ်ဆင်တော့သလို မင်္ဂလာဆောင်စဉ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံအားလုံးကိုလည်း ဆိုရှယ်မီဒီယာမှ ဖျက်လာပါတယ်။
ထရိုဆတ်ဟာ အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားဆွတ်ခူးရေး အရေးပါတဲ့ တိုက်ပွဲများ ကြုံနေချိန်တွင် အိမ်ထောင်ရေး ပဋိပက္ခနှင့် ကြုံတွေ့လာရတာပါ။
အသက် ၃၃ နှစ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်သမားဟာ ယနေညတွင် ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး အရေးပါတဲ့ပွဲအဖြစ် London Stadium သို့ သွားရောက်ကာ ဝက်စ်ဟမ်းနှင့် ကစားရပါမယ်။
ဘယ်လ်ဂျီယံသူလူရာဟာ မြောက်လန်ဒန်ရှိ အမ်းမရိတ်ကွင်းတွင် ခင်ပွန်းသည်ထရိုဆတ်နှင့် တွဲပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံများကိုလည်း ဖယ်ရှားလာပါတယ်။
၎င်းတို့ဟာ ၂၀၁၉ ခုနှစ်ကတည်းက လက်ထပ်လာတာ ဖြစ်ပြီး လာမယ့်လတွင် လက်တွဲလာတဲ့ သက်တမ်း ၁၃ နှစ်ပြည့်ပါမယ်။ သူမ ဖျက်လာတဲ့ ဓာတ်ပုံများတွင် ၂၀၁၈ ခုနှစ် ဇွန်လတုန်းက ထရိုဆတ် လက်ထပ်ခွင့်တောင်းစဉ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်း ပါဝင်လာပါတယ်။
လက်ရှိအချိန်တွင် ထရိုဆတ်နှင့် ဇနီးသည်လူရာတို့အကြား ဘယ်လို ပြဿနာတွေ ဖြစ်နေသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ထရိုဆတ်ရဲ့ အာဆင်နယ်ကတော့ လက်ကျန် ပရီးမီးယားလိဂ် ၃ ပွဲလုံး အနိုင်ရရှိလာပါက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာပါမယ်။
ဒါ့အပြင် အာဆင်နယ်ဟာ မေလ ၃၀ ရက်နေ့တွင် ဘူဒါပတ်စ်တွင် ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရပါမယ်။

image