ထိုင်းစတိုင် "ဝက်သားသုပ် ချဉ်ငန်စပ်" ပြုလုပ်နည်း
ထိုင်းအရသာစစ်စစ်အတိုင်း ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်လေးနဲ့ လျှာပေါ်မှာ စွဲကျန်နေစေမယ့် ဝက်သားသုပ် ပြုလုပ်နည်းလေးပါ။

ပြင်ဆင်ပုံ -

ဝက်သားပြုတ်ခြင်း: ဝက်သားကို ဆား၊ အချိုမှုန့်၊ ဂျင်း (ထောင်း) တို့ဖြင့် နယ်ပြီး ရေမြုပ်ရုံထည့်ကာ နူးအောင်ပြုတ်ပါ။ ရရှိလာသော အသားကို ပါးပါးလှီးထားပြီး ဝက်ပြုတ်ရည် အနည်းငယ်ကို ချန်ထားပါ။

သုပ်နည်း -
၁။ အချဉ်ရည်ဖျော်ခြင်း: ဝက်ပြုတ်ရည် အနည်းငယ်ထဲသို့ သံပုရာရည်၊ ငံပြာရည်၊ သကြား၊ ကြက်သားမှုန့်၊ ငရုတ်သီးအနီ (ထောင်း) နှင့် သံပုရာသီးစိတ်လေးများထည့်ကာ အရသာဖျော်ပါ။
၂။ ရောနယ်ခြင်း: လှီးထားသော ဝက်သားများကို အချဉ်ရည်နှင့် သမအောင် ရောနယ်လိုက်ရုံဖြင့် ခံတွင်းမြိန်စေမယ့် ထိုင်းစတိုင် ဝက်သားသုပ်လေး ရရှိပါပြီ။

အသားပြုတ်ရည်လေးပါ ထည့်သုပ်ထားလို့ အချိုဓာတ်ကော၊ ချဉ်ငန်စပ် အရသာပါ ပြည့်စုံတဲ့ ဟင်းတစ်ခွက် ဖြစ်မှာပါရှင်။

image