ခုချိန်မှာ ကျွန်မဟာ မောင် မျှော်လင့်တဲ့
မိန်းကလေးတစ်ယောက်အဖြစ် ရှိနေခဲ့တဲ့ အကြောင်း
မောင့်ကို ပြောမပြချင်ဘူး ။
မောင်နဲ့ လက်ထပ်ခွင့်ရဖို့ အရူးအမူး မျှော်လင့်ခဲ့တဲ့အကြောင်း
မောင့်ကို မပြောပြချင်ဘူး ။
ပြီးတော့ သိပ်ချစ်ခဲ့တဲ့ အကြောင်းလည်း
မောင့်ကို ပြောမပြချင်တော့ဘူး ။
မောင့်အပေါ် ကတိပျက်ခဲ့ရတယ် ။
ဘယ်တော့မှ မပို့ဘူးလို့ ကတိပေးထားမိတဲ့ Forget me ဆိုတဲ့ Message ကလေးကို မောင့် ဖုန်းကလေးဆီ ပို့လိုက်ရတယ် ။
ဒါပေမယ့်....
ဘယ်တော့မှ မမေ့ဘူး ဆိုတာကိုတော့
မောင့်ကို ပြောမပြချင်တော့ဘူး ။
#ပုညခင် #မောင့်ကိုပြောမပြချင်ဘူး

image