ရိုးရာအရသာစစ်စစ် "ဝက်ကရင်သုပ်"
ငရုတ်သီးအပုရဲ့ အစပ်အရသာနဲ့ ဝက်သားရဲ့ အဆိမ့်အရသာတို့ ပေါင်းစပ်ထားတဲ့ ဝက်ကရင်သုပ် ပြင်ဆင်နည်းလေးပါ။

ပြင်ဆင်ပုံ -

ငရုတ်သီးထောင်း: ငရုတ်သီးအပုကို ရေနွေးဖြင့် ပြုတ်၊ ရေစစ်ပြီးနောက် ဆားအနည်းငယ်ထည့်၍ ညက်နေအောင် ထောင်းထားပါ။

အရသာနယ်ခြင်း: ပြုတ်ထားသော ဝက်သား (သို့မဟုတ်) ပါဝင်ပစ္စည်းများကို ငရုတ်သီးထောင်း၊ ဆား (သို့မဟုတ်) ငံပြာရည်တို့ဖြင့် မိမိနှစ်သက်သလို အရသာလေးအောင် နယ်ပေးပါ။

ပုံပါအတိုင်း အစပ်အဟပ်တည့်တည့်ဖြင့် သုပ်စားနိုင်ပြီး၊ ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းလေးတွေနဲ့တင် ထမင်းမြိန်စေမယ့် ကရင်ရိုးရာ ဝက်သားသုပ်တစ်ခွက် ရရှိမှာဖြစ်ပါတယ်ရှင်။

image