ချစ်တယ်ဆိုတဲ့
စကားရဲ့အနောက်မှာ
ဒါပေမယ့်ဆိုတဲ့
စကားတွေ ကပ်ပါလာရင် ...
ဒါပေမယ့်ဆိုတဲ့
စကားလုံးက
အရှေ့က ပြောခဲ့သမျှ အရာအားလုံးကို
ဆန့်ကျင်လိုက်သလိုမျိုးပဲ မဟုတ်လား
ချစ်တယ် ...
ဒါပေမယ့် တဲ့ ...
အဲ့ဒီနောက်မှာ
ဘယ်တော့မှ ပျော်စရာကောင်းတဲ့
ဇာတ်သိမ်းတွေ ရှိမနေဘူး
ချစ်တယ် ...
ချစ်တယ်ဆိုရုံလောက်ပဲ
သေချာပေါက်
ဘယ်တော့မှ မနီးဘူး။