ဘင်ဖီကာရဲ့ပရက်စတီယန်နီကို ကမ္ဘာတလွှား ပွဲပယ်ပြစ်ဒဏ်တိုးမြှင့်လာတဲ့ ဖီဖာ
=====================

ဘင်ဖီကာတောင်ပံကစားသမားဂျီယန်လူကာပရက်စတီယန်နီဟာ ဗီနီရှပ်စ်ဂျူနီယာအား ဆဲဆိုပြောကြားမှုအတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမှုအား ဖီဖာက ကမ္ဘာတလွှား အကျုံးဝင်ရန် ချမှတ်လာမှုနှင့်အတူ အာဂျင်တီးနားအသင်းတွင် ရွေးချယ်ခြင်းခံလာရပါက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲ ၂ ပွဲကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ပရက်စတီယန်နီဟာ ဖေဖော်ဝါရီလတုန်းက ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်စူပါစတားဗီနီရှပ်စ်ကို လိင်တူဆန့်ကျင်တဲ့အသုံးအနှုန်းဖြင့် ပြောဆိုမှုအတွက် ယူအီးအက်ဖ်အေရဲ့ ၆ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီးဖြစ်ပြီး ကျန် ၂ ပွဲအား ကျခံလာရမည်ဖြစ်ကာ ကျန် ၃ ပွဲအား လာမယ့် ၂ နှစ်အတွင်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကျခံလာရပါမယ်။
ယူအီးအက်ဖ်အေဟာ ပရက်စတီယန်ရဲ့ပြစ်ဒဏ်အား တစ်ကမ္ဘာလုံးတွင် အကျုံးဝင်လာစေရေး တင်ပြလာမှုအား ဖီဖာက လက်ခံလိုက်ပြီ ဖြစ်ပါတယ်။
ပရက်စတီယန်နီဟာ အာဂျင်တီးနားအတွက် ၁ ပွဲကစားခွင့်ရထားသူ ဖြစ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက အန်ဂိုလာနှင့်ပွဲတွင် အရန်အဖြစ် ဝင်ရောက်ကစားခဲ့တာပါ။
သူဟာ မတ်လတုန်းက အာဂျင်တီးနားရဲ့ ခြေစွမ်းပွဲစဉ်များတွင်လည်း ရွေးချယ်ခြင်းခံခဲ့ရပေမဲ့ ကစားခွင့်မရခဲ့ပါဘူး။
သူဟာ အစောပိုင်းတုန်းက ဗီနီရှပ်စ်ကို လူမျိုးရေးခွဲခြားမှု ပြုလုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာဖြစ်ပြီး ယင်းအမှုဖြင့် အရေးယူခံရပါက အနည်းဆုံး ၁၀ ပွဲပယ်ပြစ်ဒဏ်ကျခံရမဲ့အရေးနှင့် ရင်ဆိုင်ခဲ့ရတာပါ။
သူဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းတွင် ရွေးချယ်ခြင်းမခံရပါက လာမဲ့ရာသီ ဘင်ဖီကာရဲ့ ဥရောပပြိုင်ပွဲများတွင် ပွဲပယ်ပြစ်ဒဏ်ကျခံလာရပါမယ်။

image