လားရှိူးမှာ မိုးကြီး လေပြင်းတိုက်လို့ ရပ်ကွက်တချို့ ထိခိုက်မှုရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းက မိုးကြီးပြီး လေပြင်း တိုက်ခတ်လို့ ရပ်ကွက် ၁၊ ရပ်ကွက် ၈ နဲ့ ရပ်ကွက် ၁၂ တို့မှာ ထိခုက်မှုတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်း လေပြင်းတိုက်ခတ်လို့ သစ်ပင်တွေ၊ ၊ဓါတ်တိုင်တွေ ကျိုးကျ၊ အုတ်တံတိုင်းပြိုတာတွေ ဖြစ်ပြီး တချို့နေရာ လမ်းပိတ်ဆို့သွားတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
"လေပြင်းတိုက်ခတ်လို့ လားရှိုးမြို့ ရပ်ကွက် ၁ ကံံ့ကော်လမ်းက နှစ်တရာ ကံ့ကော်ပင်ကြီးလည်းပြိုလဲသွားတယ်။ ရပ်ကွက်ကွက် ၁ မှာ ဖြစ်တာ ပိုများတယ်။ လူထိခိုက်မှုတော့ မရှိဘူး" လို့ သူက ပြောပါတယ်။
ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်က ဖြစ်ပွားတာ ဖြစ်ပြီး ရပ်ကွက် ၁ မှာတော့ ကံ့ကော်လမ်း၊ ခရေလမ်း၊ တရားရုံးလမ်းကြား၊ ရုံးကြီးရှေ့ တွေမှာ ပိုဖဖြစ်တယ်လို့ သူက ပြောပါတယ်။ ကြံ့ခိုင်ရေးရုံးရှေ့မှာ ထရန်စဖော်မာ ပျက်စီးသွားပြီး အဝိုင်းပတ်နားက ကြော်ငြာ ဆိုင်းဘုတ် တချို့လည်း ပြိုသွားတယ်လို့ဆိုပါတယ်။
"လေပြင်း တိုက်ခတ်လို့ သစ်ပင်ကြီးတချို့ပြိုလဲကာ နေအိမ် ဆိုလာပြားတွေပါ ပြုတ်ထွက် ပျက်စီး သွားတာတွေရှိတယ်။" လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
တချို့ သွပ်အမိုးတွေပါ ပြုတ်ကျကုန်ပြီး သစ်ပင်ကျိုးကျ ပြိုလဲလို့ လမ်းတွေပါ ပိတ်ဆို့ ကုန်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ခွဲကျော်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၈ ရပ်ကွက်၊ အမှတ် ၁၂ ရပ်ကွက် တို့မှာ ဓါတ်တိုင်တွေပြိုလဲ၊ သစ်ပင်ေတွပြိုလဲပြီး အဆောက်အဦးတွေပေါ် ပိမိတာတွေ၊ လမ်းပိတ်ဆို့တာတွေ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လေပြင်း တိုက်ခတ်မှုကြောင့် လမ်းပိတ်ဆို့၊ နေအိမ် ပိမိ နေရာတွေကို လားရှိုးခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ေတွ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။