ပရီးမီးယားလိဂ် ၃ ရာသီဆက် ရွှေလက်အိတ်ဆု ဆွတ်ခူးရန် သေချာသွားခဲ့ပြီဖြစ်တဲ့ အာဆင်နယ်ဂိုးသမားရာယာ
===================
ဒေးဗစ်ရာယာဟာ ၂၀၂၅-၂၆ ရာသီအတွက် ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုအား ဆွတ်ခူးရန် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမားဟာ ပရီးမီးယားလိဂ်တွင် ဂိုးမပေးရတဲ့ပွဲအများဆုံး ပိုင်ဆိုင်လာရန် သေချာသွားမှုနှင့်အတူ ရွှေလက်အိတ်ဆုအား ၃ ကြိမ်ဆက် ဆွတ်ခူးရန် သေချာလာတာလည်း ဖြစ်ပါတယ်။

ရာယာဟာ တနင်္လာနေ့တုန်းက အနီးဆုံးပြိုင်ဘက် မန်စီးတီးဂိုးသမားဒွန်နာရူမာမှာ အဲဗာတန်နှင့် ၃ ဂိုးစီသရေကျသွားမှုနှင့်အတူ ပရီးမီးယားလိဂ်ရဲ့ ဂိုးမပေးရတဲ့ပွဲအများဆုံးပိုင်ဆိုင်တဲ့ ဂိုးသမားအဖြစ် ရပ်တည်ရန် သေချာလာတာပါ။

စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့အပတ် ဖူလ်ဟမ်နှင့်ပွဲတွင် ဂိုးမပေးခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲ ဂိုးမပေးရတဲ့ မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ ဒွန်နာရမ်မာက ပရီးမီးယားလိဂ် ၄ ပွဲကစားရန် ကျန်နေသေးတဲ့အချိန်တွင် ဂိုးမပေးရတဲ့ပွဲ ၁၃ ပွဲပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့်လည်း ရာယာအနေဖြင့် လက်ကျန်ပွဲများတွင် ဂိုးပေးလာရပြီး ဒွန်နာရူမာက လက်ကျန်ပွဲများတွင် ဂိုးမပေးလာရပါကလည်း ပရီးမီးယားလိဂ်ရွှေ့လက်အိတ်ဆုကို ပူးတွဲဆွတ်ခူးရန် သေချာလာတာလည်း ဖြစ်ပါတယ်။

ရာယာဟာ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ၃ ကြိမ်ဆက် ဆွတ်ခူးနိုင်တဲ့ စတုတ္ထမြောက်ဂိုးသမားအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူလာနိုင်ပါမယ်။

ရာယာမတိုင်မီ သုံးကြိမ်ဆက် ရွှေလက်အိတ်ဆု ဆွတ်ခူးနိုင်သူများအဖြစ် ပီပီရေနာ၊ ဂျိုးဟတ်နှင့် အီဒါဆင်တို့ ရပ်တည်ခဲ့ကြပါတယ်။

တဖက်တွင် ရာယာဟာ အာဆင်နယ်နှင့် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့အတွက် ဆက်တိုက် တိုက်ပွဲဝင်နေပြီး ရာသီသိမ်းချိန်တွင် တကိုယ်တော်ဆုတံဆိပ်သာမက အသင်းလိုက် ဆုဖလားလည်း ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်နေပါတယ်။

အမှတ်ပေးဇယားအား ၅ မှတ်ဖြတ်ကာ ဦးဆောင်ထားတဲ့ အာဆင်နယ်ဟာလည်း ပရီးမီးယားလိဂ်တွင် ပေးဂိုး ၂၆ ဂိုးဖြင့် ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

image