4 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်နှင့် အက်သလက်တီကိုပွဲနှောင်းပိုင်းတွင် ဆယ်စုနှစ်တစ်ခုကျော်တွဲအလုပ်လုပ်ခဲ့ကြတဲ့ ဆီမြွန်နီနှင့် အာဆင်နယ်အားကစားဒါရိုက်တာတို့ အချင်းများ
===================
ဒီယေဂိုဆီမြွန်နီဟာ အင်္ဂါနေ့ည အမ်းမရိတ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ် ပြီးဆုံးခါနီးတွင် ဆယ်စုနှစ်တစ်ခုကျော် တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ အာဆင်နယ်အားကစားဒါရိုက်တာနှင့် အချင်းများခဲ့ပါတယ်။

အာဆင်နယ်က ၁-၀ ဂိုးဖြင့် အနိုင်ရကာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တဲ့ပွဲစဉ်ရဲ့ အချိန်ပိုတွင် တင်းမာမှုများ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေးဗစ်ရာယာက အချိန်ဖြုန်းတီးမှုအတွက် အဝါကတ်ပြသခြင်းခံခဲ့ရသလို ကိုကီနှင့် ဂါဘရီရယ်မာတင်နယ်လီတို့ကလည်း လက်ပစ်ဘောအတွက် အချင်းများခဲ့ပါတယ်။

ယင်းအချိန်တွင် အာဆင်နယ်အားကစားဒါရိုက်တာအင်ဒရီယာဘာတာဟာ ပွဲပြီးခါနီးတွင် ကွင်းအတွင်းသို့ ဆင်းလာပြီးနောက် ပွဲသိမ်းခရာမှုတ်ရေး အော်ဟစ်ကာ လက်ဟန်ခြေဟန်ဖြင့် ဒိုင်လူကြီးကို ဖိအားပေးခဲ့ပါတယ်။

ယင်းအချိန်မှာတော့ ဒီယေဂိုဆီမြွန်နီဟာ လုပ်ဖော်ကိုင်ဖက်ဟောင်းဘာတာဆီသို့ ရောက်လာပြီး တွန်းထိုးမှု ပြုလုပ်ခဲ့ကာ စတုတ္ထဒိုင်လူကြီး၊ နှစ်ဖက် နည်းပြအဖွဲ့ဝင်များက ကြားဝင်ဆွဲခဲ့ရပါတယ်။

ယင်းနောက် မကြာမီမှာတော့ ပွဲသိမ်းခရာမှုတ်လာမှုနှင့်အတူ အာဆင်နယ်အသင်းသားများဟာ ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်မှုအတွက် အကြီးအကျယ်အောင်ပွဲခံလာကြပါတယ်။

ဘာတာဟာ အက်သလက်တီကိုတွင် ၂၀၁၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နည်းစနစ်ဒါရိုက်တာ၊ အားကစားဒါရိုက်တာအဖြစ် ဆီမြွန်နီနှင့် အလုပ်တွဲလုပ်ခဲ့သူ ဖြစ်ပါတယ်။

အီတလီနိုင်ငံသားဟာ အက်သလက်တီကိုသို့ အန်တိုနီယိုဂရက်ဇ်မန်း၊ ဂျန်အိုဘလက်၊ ဂျာအိုဖီးလစ်၊ ရိုဒရီတို့အား ခေါ်ဆောင်ကာ လာလီဂါနှင့် ဥရောပတို့တွင် အောင်မြင်မှုများ ရရှိအောင် နောက်ကွယ်မှ အလုပ်လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ ၂၀၂၅ ခုနှစ်တွင် အီဒူး ထွက်ခွာသွားပြီးနောက် အာဆင်နယ်အားကစားဒါရိုက်တာအား ရယူခဲ့ပါတယ်။

image