ကျွန်တော် အရင်က ဝမ်းအရမ်းချုပ်တာ
သွေ;ပါတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။
ဝမ်းနှုတ်ဆေးမျိုးစုံ သောက်ခဲ့ပေမဲ့ သောက်တုန်းခဏသာ သက်သာခဲ့တာပါ။
အခုတော့ နေရထိုင်ရတာရော၊ သွားလာရတာပါ တကယ့်ကို အဆင်ပြေနေပါပြီ။ ဝမ်းသွားပြီးရင်လည်း ဝမ်းကျန်တာမျိုး လုံးဝမရှိတော့ဘဲ လေတွေပါ သက်သွားတာကြောင့် ရှေးဆရာကြီးများရဲ့ ဆိုရိုးစကားတွေဟာ တကယ်ကို မှန်ကန်ပါလားလို့ ဝမ်းပန်းတသာ တွေးမိပါတယ်။
ကျွန်တော်သောက်တဲ့ နည်းလမ်းလေးကတော့ -
သင်္ဘောမယ်ဇလီရွက် (၄) ရွက်
လောက်သေရွက် (၄) ရွက်
ဒီအရွက်တွေကို ရေနွေးနဲ့စိမ်ပြီး ရေအစား သူ့ကိုပဲ သောက်တာပါ။ ရေနွေးကုန်ရင် ထပ်ဖြည့်သောက်ပြီး နောက်နေ့မနက်ကျမှ အသစ်လဲပါတယ်။
သောက်ပြီး နောက်နေ့မနက်ကစလို့ ကိုယ်လက်တွေ နေလို့ထိုင်လို့ အရမ်းပေါ့ပါးသွားပါတယ်။ ဒါဟာ ကိုယ်တိုင်လက်တွေ့မို့လို့ ဆေးဒါနအဖြစ် ပြန်လည်မျှဝေပေးတာပါ။ အခုတော့ ကောင်းမှန်းသိလို့ ဒါကိုပဲ ပုံမှန်သောက်ဖြစ်နေပါတယ်။

image