ရော်ဘင်ဟိုရဲ့သားဖြစ်သူနဲ့ နေမာ အချင်းများခဲ့

ဆန်းတို့စ်တိုက်စစ်ကစားသမားဖြစ်သူ နေမာဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်ဖြစ်သူ ရော်ဘင်ဟိုဂျူနီယာနဲ့ အချင်းများခဲ့တယ်လို့
သိရပါတယ်။
ရော်ဘင်ဟိုဂျူနီယာဟာ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးကစားသမားဟောင်း ရော်ဘင်ဟိုရဲ့သားဖြစ်ပါတယ်။
တနင်္ဂနွေနေ့ကပြုလုပ်တဲ့ ဆန်းတို့စ်အသင်းလေ့ကျင့်ရေးမှာ ဆယ်ကျော်သက်ကစားသမား ရော်ဘင်ဟိုဂျူနီယာက သူ့ကို ဖြတ်ကျော်ခဲ့ရာမှာ
လေးစားမှုမရှိလို့ ခံစားခဲ့ရကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
နေမာ(၃၄ နှစ်)နဲ့ ရော်ဘင်ဟိုဂျူနီယာ(၁၈ နှစ်)တို့ဟာ ထိပ်တိုက်တွေ့ခဲ့ကြပြီး အသင်းဖော်တွေက ကြားဝင်ဖျန်ဖြေပေးခဲ့ရပါတယ်။
နောက်ပိုင်းမှာ နေမာက ရော်ဘင်ဟိုဂျူနီယာကို ဖုန်းခေါ်ဆိုပြီး ပြေရာပြေကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရော်ဘင်ဟိုဂျူနီယာရဲ့မိသားစုထံကို မက်ဆေ့ချပေးပို့ပြီး တောင်းပန်စကား ပြောခဲ့ပါတယ်။
၎င်းတို့နှစ်ဦးဟာ စနေနေ့က ကစားခဲ့တဲ့ ပါးလ်မီးရပ်စ်နဲ့ တစ်ဂိုးစီသရေကျတဲ့လိဂ်ပွဲမှာ မပါဝင်ခဲ့ကြပါဘူး။

image