မြဝတီမြို့ရှိ ကားတာယာများထားသည့် ဂိုဒေါင်တစ် လုံးမီးလောင်
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ မေ ၄ ရက်မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်ခန့်က ကားတာယာများထားသည့် ဂိုဒေါင်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
မြဝတီမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကားတာယာများထားသည့် ဂိုဒေါင်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မြဝတီခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြဝတီအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအ သင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
" ကားတာယာတွေထားတဲ့ ဂိုထောင်မီးလောင်တာပါ။ မီးလောင်တဲ့အချိန် ပေါက်ကွဲသံတစ်ချို့လည်းကြားရတယ်။ မီးအားက တာယာတွေဖြစ်တဲ့အတွက် အတော်ပြင်းတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့မှုကြောင့် မွန်းလွဲ ၂ နာရီတွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ထားချက်အရ သိရသည်။