ပါးမားကို ဂိုးပြတ်အနိုင်ယူပြီး ၂၁ ကြိမ်မြောက် စကူဒက်တိုဖလားကို အင်တာမီလန် ဆွတ်ခူးလာ
=====================

အင်တာမီလန်ဟာ ပါးမားကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီး ၂၁ ကြိမ်မြောက် စီးရီးအေချန်ပီယံ ဖြစ်လာပါတယ်။
အင်တာမီလန်ဟာ ရာသီသိမ်းရန် ၃ ပွဲလိုနေသေးတဲ့အချိန်တွင် မားကပ်စ်သူရမ်၊ ဟင်းနရစ်အမ်ခီတာရန်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပါးမားကို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်တုန်းက နောက်ဆုံး စီးရီးအေဖလား ဆွတ်ခူးခဲ့တဲ့ အင်တာမီလန်ဟာ ပါးမားနိုင်ပွဲကြောင့် ဒုတိယနေရာမှ နာပိုလီကို ၁၂ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယခု ပါးမားနှင့်ပွဲမှာ သရေကျရုံဖြင့် ချန်ပီယံဖြစ်လာမယ့် အင်တာမီလန်ဟာ ပထမပိုင်းပြီးခါနီးမှာ ပြင်သစ်တိုက်စစ်သမားသူရမ်ရဲ့ ညာခြေဖြင့် အပြင်းကန်ချက်ဖြင့် ဦးဆောင်ဂိုးရခဲ့ပါတယ်။
ယင်းနောက် အင်တာအတွက် ဒုတိယဂိုးကို ပွဲချိန် မိနစ် ၈၀ မှာ အသင်းခေါင်းဆောင်မာတီနက်ဇ်ရဲ့ ဖြတ်တင်ဘောကနေ အမ်ခီတာရန်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ကစားသမားဘဝတုန်းက အင်တာမီလန်နှင့်အတူ စီးရီးအေ ၃ ကြိမ် ဆွတ်ခူးခဲ့တဲ့ အင်တာမီလန်နည်းပြခရစ္စတီယန်ချီဗူးမှာ နည်းပြဘဝ ပထမဆုံးအရေးပါတဲ့ ဆုဖလား ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အင်တာမီလန်ဟာ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲသို့လည်း တက်ရောက်ထားပြီး လာဇီယိုနှင့် ရင်ဆိုင်ကစားရပါမယ်။

image