ရုပ်ပုံလွှာမူပိုင်ခွင့်မှ ပေါင် ၈ သန်းအထိ ရရှိလာတဲ့ ဟယ်ရီမက်ဂွိုင်းယား
====================

ဟယ်ရီမက်ဂွိုင်းယားဟာ ရုပ်ပုံလွှာမူပိုင်ခွင့်မှ ပေါင် ၈ သန်းအထိ ရရှိလာခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူဟာ ကွင်းတွင်းတွင် အခြေအနေကို အလှည့်အပြောင်း ဖြစ်အောင် လုပ်ကာ အိုးထရက်ဖို့ဒ်မှာ ပုံမှန်ကစားခွင့်ရလာသလို ကွင်းပြင်ပတွင်လည်း ပရိသတ်အားပေးမှု မြင့်မားလာမှုနှင့်အတူ ဝင်ငွေတိုးပွားလာခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ ဟယ်ရီမက်ဂွိုင်းယားရဲ့ HM 5 Ltd ဟာ ရုပ်ပုံလွှာမူပိုင်ခွင့်မှ ပေါင် ၈.၇ သန်းအထိ ရရှိကာ အင်္ဂလန်အသင်းတွင် ရုပ်ပုံလွှာမူပိုင်ခွင့်အများဆုံးရ ကစားသမားအဖြစ် ရပ်တည်လာပါတယ်။
အင်္ဂလန်ဗဟိုနောက်ခံလူရဲ့ ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်းတွင် ပေါင် ၄ သန်းကျော် အမြတ်ရလာခဲ့သလို အခွန်နှင့် လုံခြုံရေးအတွက်လည်း ပေါင် ၁.၁၅ သန်း ပေးခဲ့ရပါသေးတယ်။
လက်စတာတွင် ကစားစဉ်တုန်းက ကစားဖော်ဂျေမီဗာဒီရဲ့ ခေါင်းကြီးလို့ ချစ်စနိုးအမည်ပြောင်ပေးခြင်းခံခဲ့ရတဲ့ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀ အထိ ရရှိနေသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဟာ အစောပိုင်းတုန်းက ရာသီအကုန် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာလိမ့်မယ်လို့ ယူဆခဲ့ရပေမယ့်လည်း မကြာသေးမီတုန်းက တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါ တစ်နှစ်စာချုပ်သက်တမ်းတိုးမှု ပြုလုပ်ခဲ့ပါတယ်။
သူဟာ ယခင်နည်းပြအမိုရမ်လက်ထက်တုန်းက ပုံမှန်ကစားခွင့်ရခဲ့သလို ယာယီနည်းပြမိုက်ကယ်ကာရစ်လက်ထက်မှာလည်း ၁၂ ပွဲကစားခွင့်ရထားပါတယ်။

image