၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်လာတဲ့ ဘရာဇီးနှင့် ရီးရဲလ်မက်ဒရစ်စတားမီလီတာအို
===================

ဗဟိုနောက်ခံလူအီဒါမီလီတာအိုဟာ တံကောက်ကြောဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူလာရတော့မှာ ဖြစ်လို့ ရီးရဲလ်မက်ဒရစ်အတွက်ရော ဘရာဇီးအတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
မီလီတာအိုဟာ သောကြာနေ့တုန်းက အလာဗက်စ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ရာသီလက်ကျန်ပွဲများကို လွဲချော်ရန် သေချာနေခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် မီလီတာအိုရဲ့ တံကောက်ကြောဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် ဆိုးရွားနေပြီး ခွဲစိတ်ကုသမှုခံယူလာရမှာ ဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲလာတော့မှာ ဖြစ်ပါတယ်။
COPE ရဲ့ ဖော်ပြလာမှုအရ မီလီတာအိုဟာ ဒီဇင်ဘာလတုန်းက ဆဲလ်တာဗီဂိုနှင့်ပွဲတွင် ရရှိခဲ့တဲ့ ဘယ်ဖက်တံကောက်ကြောဒဏ်ရာ ထပ်မံ ရရှိလာမှုနှင့်အတူ ခွဲစိတ်ကုသမှုပါ ခံယူလာရမှာလည်း ဖြစ်ပါတယ်။
သူဟာ ယင်းတံကောက်ကြောဒဏ်ရာကြောင့် လေးလကြာ အနားယူရပြီးနောက် ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့တွင် ပြန်လည်ကစားလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယခုအခါမှာတော့ မီလီတာအိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီလက်ကျန်ပွဲများအပြင် ဘရာဇီးနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်လာမှုနှင့်အတူ ရာသီသစ်အတွက် အသင့်ဖြစ်နေရေးအတွက်သာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။

image