ကာဗွန်မထွက်ဘဲလျှပ်စစ်ထုတ်နိုင်သည့်ကျောက်မီးသွေးလောင်စာဆဲလ်ကို စတင်သုံး
တရုတ်သိပ္ပံပညာရှင်များသည် ကျောက်မီးသွေးကို “ဘက်ထရီ” တစ်ခုအတွင်း ထည့်သွင်းခြင်းဖြင့် ပုံမှန်မီးရှို့သည့် နည်းလမ်းများထက် စွမ်းအင်ထိရောက်မှု ပိုမိုမြင့်မားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လုံးဝမရှိဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် နည်းလမ်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြသည်။
"ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်ခြင်း" ဟုဆိုလျှင် ဆိုးရွားသော ညစ်ညမ်းမှု၊ မြင့်မားသော ကာဗွန်ထုတ်လွှတ်မှု ပမာဏများနှင့် အသင့်အတင့် သော စွမ်းအင်ထိရောက်မှုတို့ကိုသာ ပြေး၍မြင်ယောင်မိစေပါသည်။ သို့သော် အသစ်တီထွင်လိုက်သော တို-က်ရို-က်ကျောက်မီးသွေးသုံး စွမ်းအင်နည်းပညာသည် မီးလေ-ာင်ကျွမ်းခြင်းကို လုံးဝဖယ်ရှားလိုက်ပြီး ကျောက်မီးသွေးအသုံးပြုမှု၏ အဓိကပြဿနာဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုပါ ရှောင်ရှားနိုင်ခြင်းဖြင့် ယခင်အယူအဆဟောင်းကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
Shenzhen တက္ကသိုလ်မှ တရုတ်သိပ္ပံအကယ်ဒမီ အဖွဲ့ဝင် ရှဲ့ ဟဲဖိန် ဦးဆောင်သောအဖွဲ့သည် ၎င်းတို့က ZC-DCFC ဟု ခေါ်ဆိုသည့် ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိသော တို-က်ရို-က်ကျောက်မီးသွေးသုံး လေ-ာင်စာဆဲလ်ကို ပထမဆုံးအကြိမ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစနစ်တွင် ကျောက်မီးသွေးကို အမှုန့်ကြိတ်ခြင်း၊ အခြောက်ခံခြင်း၊ သန့်စင်ခြင်းနှင့် မျက်နှာပြင်ဆိုင်ရာ ကြိုတင်ပြုပြင်မှုများ ပြုလုပ်ပြီးနောက် လေ-ာင်စာဆဲလ်၏ အန်နုတ် (anode) အခန်းထဲသို့ ထည့်သွင်းပါသည်။
ကတ်သုတ် (cathode) ဘက်သို့ အောက်ဆီဂျင် ပေးသွင်းပြီးနောက် လောင်စာဆဲလ်အတွင်းရှိ သေးငယ်သော ကျောက်မီးသွေးမှုန့်များသည် အောက်ဆိုဒ်အမြှေးပါးကို ဖြတ်သန်းကာ လျှပ်စစ်ဓာတုနည်းဖြင့် ဓာတ်တိုးခြင်းဖြစ်ပေါ်ပြီး ကြားခံရေနွေးငွေ့သံသရာ သို့မဟုတ် စက်မှုတာဘိုင်များကို အသုံးပြုရန်မလိုဘဲ လျှပ်စစ်ဓာတ်အားကို တို-က်ရို-က်ထုတ်ပေးပါသည်။
အန်နုတ်ထွက်ပေါက်တွင် ဓာတ်ပြုမှုကြောင့် ထွက်ရှိလာသော သန့်စင်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ၎င်းနေရာ၌ပင် ဖမ်းယူကာ အဖိုးတန်ဓာတုကုန်ကြမ်းများ အဖြစ်သို့ ကူညီ ပြောင်းလဲခြင်း သို့မဟုတ် ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ကဲ့သို့သော ဒြပ်ပေါင်းများအဖြစ်သို့ ပြောင်းလဲ သိမ်းဆည်းနိုင်ကြောင်း သိရသည်။