ထားဝယ်လေဆိပ်၏ လေယာဉ်ပြေးလမ်းကို AirbusA 319 လေယာဉ်များအထိ ဆင်း/တက်နိုင်ရန် ဘေးနှစ်ဖက်ကို (၂၅)ပေစီတိုးချဲ့ပြီး နိုင်လွန်ကတ္တရာထပ်ပိုးလွှာ (၄)လက်မထုခင်းနေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်လေဆိပ်၏ လေယာဉ်ပြေးလမ်းကို AirbusA 319 လေယာဉ်များအ ထိ ဆင်း/တက်နိုင်ရန် ဘေးနှစ်ဖက်ကို (၂၅)ပေစီတိုးချဲ့ပြီး နိုင်လွန်ကတ္တရာထပ်ပိုးလွှာ (၄)လက်မထုခင်းနေကြောင်း တိုင်းဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ပြောကြားချက်အရ သိရသည်။
ယနေ့ ဧပြီ ၂၆ ရက်နံနက်ပိုင်းကကျင်းပသည့် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းမှ တနင်္သာရီတိုင်းအတွင်း ခရီးသွားလာမှုကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်ပေးမည့် L410 Turbolet အမျိုးအစား XYAMX လေယာဉ်ဖြင့်လေကြောင်းခရီးစဉ်သစ်များတိုးချဲ့ပြေးဆွဲခြင်းအခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် Embra လေယာဉ်အဆင့်အထိ ဆင်းသက်နေသည့် ထားဝယ်လေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်းကို AirbusA 319 လေယာဉ်များအထိ ဆင်း/တက်အသုံးပြုနိုင်ရန် ဘေးနှစ်ဖက်ကို (၂၅)ပေစီ တိုးချဲ့ပြီး နိုင်လွန်ကတ္တရာထပ်ပိုးလွှာ (၄)လက်မထုခင်းနေ ကာလေဆိပ် Terminal ကိုလည်း (၁)နှစ်လျှင် ခရီး သည်(၁)သန်းခွဲအထိ ဝင်ထွက်အသုံးပြုနိုင်သော လေ ဆိပ်(၂)ထပ်အဆောက်အအုံ၊ လေယာဉ်ရပ်နားရန်နေရာတိုးချဲ့ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ Embra လေယာဉ်အဆင့်အထိဆင်း/တက်နေသည့် မြိတ်လေယာဉ်ကွင်း(အလျားပေ ၉,၀၀၀ ၊ အကျယ်၂၀၀ ပေ)ကိုလည်း Airbus A 319 လေယာဉ်များဆင်း/တက်နိုင်သည်အထိ နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ (၄)လက်မခင်းပေးခဲ့ပြီးဖြစ်ရာ လေဆိပ် Terminal ကို (၁)နှစ်လျှင် ခရီးသည်(၁)သန်းခွဲအထိ ဝင်/ထွက်အ သုံးပြုနိုင်သည့် လေဆိပ်(၂)ထပ် အဆောက်အအုံလုပ်ငန်း၊ လေယာဉ်ရပ်နားရန် နေရာတိုးချဲ့ခြင်းတို့ကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းလေဆိပ်၏ လက်ရှိလေယာဉ်ပြေးလမ်း (အရှည်ပေ ၆,၀၀၀ ၊ အကျယ်‌ပေ ၁၅၀)မှ(အရှည်ပေ ၈,၀၀၀)အထိတိုးချဲ့ပြီး နိုင်လွန်ကတ္တရာခင်းခြင်းကိုလည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image