ကြက်တူရွေးရုပ်ထုဖြင့် ဘိုင်ယန်စတားများ အောင်ပွဲခံမှုရဲ့ နောက်ကွယ်မှ အကြောင်းရင်း
======================

ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာခဲ့ပြီဖြစ်ပေမယ့် ဆုဖလားနှင့်တော့ အောင်ပွဲခံနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကစားသမားများဟာ စတုဂတ်အား အနိုင်ရပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာချိန်မှာ ကြက်တူရွေးရုပ်ထုဖြင့် အောင်ပွဲခံခဲ့ကြပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ တနင်္ဂနွေနေ့တုန်းက Allianz Arena တွင် စတုဂတ်အား ၄-၂ ဖြင့် အနိုင်ရရှိပြီးနောက် ၃၅ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ၂၀၂၃-၂၄ ရာသီတွင် လေဗာကူဆင် ချန်ပီယံဖြစ်သွားပြီးနောက် ဗင်းဆင့်ကွန်ပနီလက်အောက်တွင် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ၂ ကြိမ်ဆက် ဖြစ်လာတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဟာ ရာသီနောက်ဆုံးပွဲအထိ ဘွန်ဒက်စ်လီဂါဖလားကိုင်မြှောက်ရေး စောင့်ဆိုင်းရပါမယ်။
ဘိုင်ယန်မြူးနစ်ကစားသမားများဟာ ဘွန်ဒက်စ်လီဂါဖလားမကိုင်မြှောက်နိုင်ပေမယ့်လည်း စတုဂတ်နိုင်ပွဲအပြီးမှာတော့ ကြက်တူရွေးရုပ်ထုအား ကိုင်မြှောက်အောင်ပွဲခံခဲ့ကြပါတယ်။
The Athletic က ယင်းနောက်ကွယ်မှ အကြောင်းရင်းကို ဖော်ထုတ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီကြက်တူရွေးရုပ်ထုဇာတ်လမ်းက ဗင်းဆင့်ကွန်ပနီလက်အောက် ပထမဆုံးဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးခဲ့တဲ့ ပြီးခဲ့တဲ့ရာသီတုန်းက စတင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းသားများဟာ လေဗာကူဆင်တို့ ဖရိုင်းဘတ်နှင့် ၂ ဂိုးစီသရေကျပြီး ဘွန်ဒက်စ်လီဂါဖလားချန်ပီယံဖြစ်ရန် သေချာသွားပြီးနောက် e Kaefer Tavern မှာ သီးသန့်အခန်းယူပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ယင်းကြက်တူရွေးရုပ်ထုမှာ မိုက်ကယ်ကီဖာပိုင် Kaefer Tavern စားသောက်ဆိုင်ပိုင် ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်မှ အမည်မသိ အသင်းသားတစ်ဦးဟာ ယင်း ကြက်တူရွေးရုပ်ထုကို ယူဆောင်လာပြီးနောက် ဘယ်တော့မှ ပြန်မပေးခဲ့ပါဘူး။ ယင်းကြက်တူရွေးရုပ်ထုမှာလည်း ဘိုင်ယန်မြူးနစ်ရဲ့ ကံကောင်းခြင်းလာဘ်ကောင်ရုပ် ဖြစ်လာပါတယ်။
ဘိုင်ယန်မြူးနစ်ကစားသမားများဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကြက်တူရွေးရုပ်ထုဖြင့် ဘွန်ဒက်စ်လီဂါဖလား ချန်ပီယံအောင်ပွဲခံရမှာ အသုံးပြုခဲ့ကြသလို အမေရိကန်သို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်စဉ်မှာလည်း ယူဆောင်သွားခဲ့ကြပါသေးတယ်။
ယခု ဘိုင်ယန်မြူးနစ်ကစားသမားများဟာ ကြက်တူရွေးရုပ်ထုကို ကိုင်မြှောက်ပြီး အောင်ပွဲခံသလို ကြက်တူရွေးရုပ်ထု ရုပ်ပုံပါ တီရှပ်ကိုလည်း ဝတ်ဆင်ခဲ့ကြပါသေးတယ်။
ဘိုင်ယန်မြူးနစ်ဟာ ယခုရာသီ သမိုင်းဝင် ဆုဖလား ၃ လုံး ဆွတ်ခူးနိုင်ရေးအဖြစ် ဂျာမန်ပိုကယ်ဖလားနှင့် ချန်ပီယံလိဂ်တို့တွင်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားနိုင်ပါသေးတယ်။

image