Birmingham Phoenix ရဲ့ ရှယ်ယာကို ဝယ်ယူရင်းနှီးမြှပ်နှံမှု ပြုလုပ်လာတဲ့ ဘယ်လင်ဂမ်
==================

အင်္ဂလန်နှင့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟာ Birmingham Phoenix ခရစ်ကတ်အသင်းရဲ့ ရှယ်ယာ ၁.၂ ရာခိုင်နှုန်းကို ဝယ်ယူ ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါတယ်။
အိတ်ဘတွန်အခြေစိုက် ခရစ်ကတ်ကလပ်ဟာ အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Knighthead Capital Management ပိုင် လက်ခွဲရှစ်ရာထဲမှ တစ်ခု ဖြစ်ပါတယ်။ ဘာမင်ဂမ်ကိုလည်း ပိုင်ဆိုင်တဲ့ Knighthead Capital Management ဟာ Birmingham Phoenix ရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပေါင်သန်း ၄၀ ဖြင့် ဝယ်ယူထားပြီး Warwickshire က ၅၁ ရာခိုင်နှုန်းကို ပိုင်ဆို်ငထားပါတယ်။
ဘယ်လင်ဂမ်ဟာ အဖွဲ့တစ်ခုစီမှ ရှယ်ယာ ၀.၆ ရာခိုင်နှုန်းကို ဝယ်ယူလာခြင်းဖြစ်ရာ Warwickshire မှာ ၅၀.၄ ရာခိုင်နှုန်းကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
ဘယ်လင်ဂမ်ဟာ Birmingham Phoenix ရဲ့ ရှယ်ယာကို ပေါင် ၁ သန်းနီးပါးဖြင့် ဝယ်ယူခဲ့တာပါ။
အသက် ၂၂ နှစ်ရှိ ဘယ်လင်ဂမ်ဟာ ခရစ်ကတ်ပရိသတ်တစ်ဦးဖြစ်ပြီး ငယ်စဉ်တုန်းက ဝါဆက်စ်တာရှိင်းယားမှ Hagley Cricket Club တွင် ကစားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အင်တာဗျူးတစ်ခုတွင် ဘယ်လင်ဂမ်က အားကစားသမားတစ်ဦးနှင့် နေရာချင်း လဲလှယ်ရမည်ဆိုပါက အင်္ဂလန်အသင်းခေါင်းဆောင်ဘင်တော့ခ်နှင့် နေရာချင်းလဲမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဂန္ထဝင်နေရှင်းဖွတ်ဘောလိဂ်ဘရာဒီမှာလည်း Knighthead Capital Management တွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်ထားပါတယ်။

image