လိုအပ်သည့် လောင်စာဆီ နှင့် သွင်းအားစု များ ရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုတင်စုဆောင်းဖြည့်တင်းထားရှိရန် လို
ပြည်တွင်းလောင်စာဆီ အခက်အခဲ ၊အကြပ်အတည်းများကို ဖြေရှင်းပေးနိုင်ရေး စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် လောင်စာဆီ နှင့် သွင်းအားစုများရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုတင်စုဆောင်းဖြည့်တင်းထားရှိရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယနေ့ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းဝေး၌ သမ္မတ က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများ နှင့် ပဋိပက္ခများကြောင့် နောက်ဆက်တွဲ အနေဖြင့် နိုင်ငံတကာတွင်လောင်စာဆီအခက်ခဲများ ကြုံတွေ့ရလျက်ရှိသကဲ့သို့ မိမိတို့ နိုင်ငံအနေဖြင့်လည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်းလည်း သမ္မတ ဦးမင်းအောင်လှိုင် ကပြောသည်။
အဆိုပါ အစည်းဝေးသို့ ဒုတိယသမ္မတ ဦးညိုစော၊ ဒေါ်နန်းနီနီအေး ယနှင့် ပြည်သူလွှတ်တော် ဥက္ကဌ အမျိုးသားလွှတ်တော် ဥက္ကဌ နှင့် ပြည်ထောင်စုဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။