ဝက်စ်ဟမ်းကို ဂိုးပြတ်ရှုံးနိမ့်တဲ့ပွဲအပြီးတွင် အဝတ်အစားလဲခန်းအတွင်းမှာ ဝုဗ်ကစားသမား ၂ ဦး လက်ပါတဲ့အထိ ခိုက်ရန်ဖြစ်ပွား
====================
ဝုဗ်စတားများဖြစ်ကြတဲ့ တိုလူအေရိုကိုဒါရီနှင့် မာတီယပ်စ်မာနေးတို့ဟာ ဝက်စ်ဟမ်းအား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအပြီးတွင် အဝတ်အစားလဲခန်းအတွင်းမှာ လက်ပါတဲ့အထိ ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း သတင်းထွက်ပေါ်နေပါတယ်။
ဝုဗ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေပြီး ချန်ပီယံရှစ်သို့ တန်းဆင်းရရန် သေချာသလောက်ရှိနေတဲ့အနေအထားတွင် ရှိပါတယ်။
Express & Star ရဲ့ ဖော်ပြလာမှုအရ ပွဲအပြီး အဝတ်အစားလဲခန်းအတွင်းတွင် ယင်းပွဲစဉ်မှာ လူစားဝင်ရောက်ကစားခဲ့ကြတဲ့ အသက် ၂၅ နှစ်ရှိ အေရိုကာဒါရီနှင့် အသက် ၁၈ နှစ်ရှိ မာနေးတို့ ခိုက်ရန် ဖြစ်ပွားခဲ့ကြကြောင်း သိရပါတယ်။
အစောပိုင်းတုန်းက ယင်းကစားသမားနှစ်ဦးတို့ဟာ နှုတ်ဖြင့်သာ အပြန်အလှန် ပြောဆိုနေခဲ့ကြတာပါ။
ဒါပေမယ့် နောက်ပိုင်းတွင် လက်ပါလာခဲ့ပြီး အေရိုကာဒါရီက ပိုမိုရန်လိုတဲ့ အပြုအမူ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အေရိုကိုဒါရီဟာ ယင်းဖြစ်ရပ်ကြောင့် ဝုဗ်ရဲ့ ဒဏ်ရိုက်ခြင်းခံခဲ့ရပြီး စနေနေ့တုန်းက လိဒ်အား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပါဝင်ကစားခွင့်မရဘဲ အရေးယူခံခဲ့ရပါတယ်။
တိုက်စစ်မှူးအေရိုကာဒါရီဟာ နွေရာသီတုန်းက ဂျန့်မှ ၄ နှစ်စာချုပ်ဖြင့် ပြောင်းလာပြီးနောက် ၃၃ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးထားပါတယ်။
ကွင်းလယ်ဖန်တီးရှင်မာနေးက ရော့ဒယ်မှ ဝုဗ်အကယ်ဒမီသို့ ပြောင်းလာပြီးနောက် ပြီးခဲ့တဲ့ရာသီမှ စတင်ကာ ဝုဗ်ပထမအသင်းသို့ တက်လှမ်းခွင့်ရရှိကာ ၂၆ ပွဲတွင် ၂ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးထားပါတယ်။
မာနေးဟာ နွေရာသီတွင် အသင်းပြောင်းမယ်လို့ ယုံကြည်ရသူ ဖြစ်ပြီး နိုင်ငံပြောင်းကစားဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။
သူဟာ အင်္ဂလန်ယူ-၁၈ အတွက် ကစားခဲ့ပေမယ့်လည်း နောက်ပိုင်းတွင် ပေါ်တူဂီယူ-၂၁ အသင်းအတွက် ပြောင်းကစားနေသူ ဖြစ်ပါတယ်။