ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဝိတ် ၆ ကီလိုကျပြီးနောက် ဆေးရုံတက်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ
===================
ရီးရဲလ်မက်ဒရစ်နောက်ခံလူရာအူးလ်အဆန်စီယိုဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကို လွဲချော်ပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ်။
လူငယ်ဗဟိုနောက်ခံလူဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ရုပ်ပိုင်းဆိုင်ရာများစွာ ထိခိုက်ခဲ့ပြီး ဆေးဘက်ဆိုင်ရာအထူးကြပ်မတ်ကုသခြင်းခံနေရပါတယ်။
ရာအူးလ်အဆန်စီယိုဟာ မြူးနစ်ပွဲစဉ်ကို လွဲချော်ပြီးနောက် စနေနေ့ နံနက်ပိုင်းတုန်းက ဆေးရုံသို့ တက်ရောက်ကာ ဆေးစစ်ဆေးမှုခံယူပြီး ဆေးကုသမှုလည်း ခံယူခဲ့ရပါတယ်။
အဆန်စီယိုဟာ လတ်တလောတွင် မက်ဒရစ်မြို့တစ်ဝန်းတွင် အဖြစ်များနေတဲ့ ပြင်းထန်ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံရတာလည်း ဖြစ်ပါတယ်။
အဆန်စီယိုဟာ ဆေးရုံတွင် သွေးကြောထဲ အရည်ထည့်သွင်းကုသမှုခံယူနေရပြီး ရောဂါလက္ခဏာသက်သာလာပါက ဆေးရုံမှ ဆင်းလာရမယ်လို့လည်း သိရပါတယ်။
သူဟာ ပြီးခဲ့တဲ့ရက်များအတွင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုနှင့်အတူ ၆ ကီလိုအထိ ဝိတ်ကျသွားခဲ့ပြီး လာမယ့် အင်္ဂါနေ့ အလာဗက်စ်နှင့် လာလီဂါပွဲစဉ်အား လွဲချော်ရန် သေချာနေပါတယ်။

image