ပုသိမ်မှာ ဂက်စ်အိုးအရောင်းဆိုင် မီးလောင်လို့ တ​ယောက်သေ ၊ နှစ်​ယောက်ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အကျော်တန်းလမ်းမှာ ဂက်စ်အိုးအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားပြီး တယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပုသိမ်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

ဒီကနေ့ ဧပြီ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ မိနစ်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ၃ နာရီ ၃၀ မိနစ်လောက်မှာ မီးငြိမ်းခဲ့တာဖြစ်​ကြောင်း ၊ သေဆုံးသူနဲ့ ဒဏ်ရာရသူ​​တွေဟာ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ် ။

တယောက်သေ ၊ နှစ်ယောက် ဒဏ်ရာရတယ်။ ခဏခေါ်ထားတဲ့ ကောင်လေးလို့သိရတယ်။ ဒဏ်ရာရ သေဆုံးအကုန်လုံး အမျိုးသားပဲ။ ဂက်စ်အိုးအရောင်းဆိုင် ၊ ဂက်စ်မီးဖိုကိုစမ်းသပ်ပြုပြင်နေတဲ့အချိန် ဂက်စ်အိုးဖွင့်လိုက်တဲ့အချိန်မီးစထွက်ပြီး မီးလောင်တာပါ ။ဒဏ်ရာရကလည်း သူတို့ဆိုင်ကပြောရမှာပေါ့။ လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ် ။

အဆိုပါ မီးလောင်မှုကြောင့် လူသေဆုံးခဲ့တဲ့အပြင် ဘေးကပ်ရက် ဆိုင်ခန်းငါးခန်းလည်းမီးလောင်ပျက်စီးခဲတယ်လို့ သိရပါတယ်။

မီးလောင်မှုကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ငြိမ်းသတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

image