တိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များခန့်အပ်တာဝန်ပေးခြင်း

တိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၂၁ / ၂၀၂၆ ဖြင့် ယနေ့ ဧပြီ ၁၀ ရက်ကထုတ်ပြန်ခဲ့သည်။

ဒေါ်အေးအေးမော်အား ကချင်ပြည်နယ်၊ ဦးထွန်းထွန်းဦးအား ကယားပြည်နယ်၊ ဦးညွန့်လင်းအား ကရင်ပြည် နယ်၊ ဦးမြတ်စံအား ချင်းပြည်နယ်၊ ဦးဇော်ထူးအား စစ်ကိုင်းတိုင်း၊ ဒေါ်ပိုက်ပိုက်အေးအား တနင်္သာရီတိုင်း၊ ဒေါ်လွင်လွင်အေးကျော်အား ပဲခူးတိုင်း၊ ဒေါ်မိမိမော်အား မကွေးတိုင်း၊ ဒေါ်လှမြင့်အား မန္တလေးတိုင်း၊ ဒေါ်ဌေးမြင့်အေးအား မွန်ပြည်နယ်၊ ဒေါ်မြအေးအား ရခိုင် ပြည်နယ်၊ ဒေါ်စန္ဒာသွယ်အား ရန်ကုန်တိုင်း၊ ဦးသန်းဦးလွင်အား ဧရာဝတီတိုင်း၊ ဒေါ်မိုးမိုးအေးအား ရှမ်းပြည် နယ်တို့အတွက် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈ ၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၄၄ တို့အရ သက်ဆိုင်ရာ တိုင်း(သို့)ပြည် နယ်လွှတ်တော်ကသဘောတူညီမှုဖြင့် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

image