ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့ဖွင့်ဟပြောဆိုမှုအတွက် ပွဲပယ်ခံရပြီးနောက် ကစားဖော်များကို ချဲလ်ဆီးစတားဖာနန်ဒက်ဇ်တောင်းပန်လာ
=====================
အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အေးဂျင့်ဂျာဗီးယားပါစတိုရီက အာဂျင်တီးနားကွင်းလယ်ကစားသမားမှာ နွေရာသီတွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားလိုတယ်လို့ ပြောကြားလာခြင်း မရှိကြောင်း ထပ်လောင်းပြောကြားလာပါတယ်။

နိုင်ငံတကာပွဲစဉ်များကာလအတွင်း ဖာနန်ဒက်ဇ်က မက်ဒရစ်သို့ သွာရောက် နေတယ်လို့ အင်တာဗျူးတွင် ဖွင့်ဟပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားတော့မယ်လို့ မီဒီယာများက အကျယ်တဝင့်ရေးသားခဲ့ကြပါတယ်။

အသက် ၂၅ နှစ်ရှိ ဖာနန်ဒက်ဇ်ဟာ ယင်းပြောဆိုမှုအတွက် ချဲလ်ဆီးရဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

အလယ်တန်းတိုက်စစ်သမားဟာ ပေါ့ဗေးလ်အား ဂိုးပြတ်အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲတွင် အရန်ခုံမှာ ထိုင်နေခဲ့ရသလို တနင်္ဂနွေနေ့ မန်စီးတီးနှင့်ပွဲစဉ်တွင်လည်း ပါဝင်ခွင့်ရလာဦးမှာ မဟုတ်ပါဘူး။

ယခုအပတ်အစောပိုင်းတုန်းက အင်တာဗျူးတွင် အေးဂျင့်ပါစတိုရီက ဖာနန်ဒက်ဇ်အား ပွဲပယ်ပြစ်ဒဏ်ချမှတ်မှုမှာ မမျှတကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ ပါစတိုရီဟာ ဖာနန်ဒက်ဇ်ရဲ့အမှားနှင့်ပတ်သက်ပြီး ပြောကြားလာခဲပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်ှရိ ပီအက်စ်ဂျီစတားဟောင်းပါစတိုရီက "မကြာသေးမီရက်တုန်းက ဒါနဲ့ပတ်သက်ပြီး ကျုပ်တို့ ပြောခဲ့ကြပြီးပါပြီ။ သူ့ကြေညာချက်တွေကလည်း ချဲလ်ဆီးကို ပြဿနာတက်စေချင်လို့ မဟုတ်ပါဘူး။ သူက ဒုတိယအသင်းခေါင်းဆောင်ပါ။ အသင်းခေါင်းဆောင်ထဲက တစ်ဦးပါ။ ဒီရာသီမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုလည်း ပြသထားသူပါ။ သူက မြို့တစ်မြို့နဲ့ပတ်သက်ပြီး ရိုးရိုးလေးပဲ ပြောခဲ့တာပါ။ သူ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောလာချိန်မှာ အင်တာဗျူးတွ အများကြီးထွက်လာတယ်။ မီဒီယာက အားလုံးကို ရှောယှက်လိုက်တယ်။ ပြီးတော့ ချဲလ်ဆီးက ထွက်တော့မယ်လို့ ဆိုလာကြတယ်။ ဒါက လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့က ချဲလ်ဆီးနဲ့ စာမျက်နှာတစ်ခုတည်းမှာပဲ ရှိပါတယ်။ မနေ့က ငြိမ်းချမ်းရေး ယူခဲ့တယ်။ ကစားသမားနဲ့ ချဲလ်ဆီးအကြား ငြိမ်းချမ်းရေးယူခဲ့တာပါ။ တကယ့်ကို ဘာပြဿနာမှကို မရှိပါဘူး။ အားလုံး ရှင်းလင်းခဲ့တယ်"လို့ ဆိုသွားပါတယ်။

ဒါ့အပြင် ပါစတိုရီက ဖာနန်ဒက်ဇ်မှာ ယင်းအင်တာဗျူးများအတွက် ချဲလ်ဆီးကစားဖော်များကိုလည်း တောင်းပန်ခဲ့ကြောင်း ဖွင့်ဟသွားပါတယ်။

ပါစတိုရီက "ဖြစ်ခဲ့တာကို ဖြစ်ပျက်သွားခဲ့ပြီ။ သူ့ဘက်က ဘာအမှားမှ မလုပ်ခဲ့ပေမယ့် သူ ဒီလို မပြောသင့်တဲ့အကြောင်း ကစားသမားကိုလည်း ရှင်းပြခဲ့တယ်။ သူက အသက် ၂၅ နှစ်ပဲ ရှိသေးတယ်။ အရမ်းငယ်သေးတယ်။ သင်ယူနေရတုန်းပါ။ သူက ရည်ရွယ်ချက်မရှိဘဲ အမှားလုပ်ခဲ့တာကို ကလပ်ကို ရှင်းပြခဲ့တယ်။ သူလည်း ကလပ်၊ ကစားဖော်‌တွေ၊ နည်းပြ၊ အားကစားဒါရိုက်တာနဲ့ အားလုံးကို တောင်းပန်ခဲ့တယ်။ ကျွန်တော်တို့ တစ်လှေတည်းစီးတွေပါ။ နားလည်မှု လွဲခဲ့တာကို ရိုးရိုးလေးနဲ့ ရှင်းလိုက်ပါပြီ"လို့ ပြောကြားသွားပါတယ်။

image