အသင်းဟောင်း အပျော်တမ်းကလပ်အား ကွင်းကို အဆင့်မြှင့်တင်နိုင်ရေး ငွေကြေး လှူဒါန်းလာတဲ့ ဝက်စ်ဟမ်းစတားဘိုဝင်း
====================
ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဂျာရော့ဒ်ဘိုဝင်းဟာ အသင်းဟောင်း ဟီးယားဖို့ဒ်အား ကွင်းဆိုးရွားနေမှုအား ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ငွေကြေးအချို့ လှူဒါန်းလာပါတယ်။
ဟီးယားဖို့ဒ်အက်ဖ်စီဟာ ယခုရာသီတွင် Edgar Street ကွင်းမြက်ခင်းပြဿနာ ကြုံတွေ့နေတာ ဖြစ်ပြီး ပွဲအချို့တို့အား ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။
မြောက်ပိုင်းနေးရှင်းလိဂ်တွင် ကစားနေတဲ့ ဟီးယားဖို့ဒ်ဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းပြဿနာ ကြုံနေရမှုနှင့်အတူ ယင်းကို အမြန်ဆုံးဖြေရှင်းလိုနေခဲ့ပါတယ်။
၎င်းတို့ဟာ ကွင်းပြဿနာကြောင့် ပွဲအချို့တို့ကို ကြားကွင်းတွင် သွားကစားခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ဘိုဝင်းဟာ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ဟီးယားဖို့ဒ်တွင် ကစားသမားဘဝစတင်ခဲ့တဲ့သူ ဖြစ်ပြီး ယခုအခါ ကလပ်ဟောင်းရဲ့ ကွင်းပြဿနာကို ဖြေရှင်းရေး အကူအညီပေးလာပြီ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ဟီးယားဖို့ဒ်သို့ ပြောင်းရွှေ့ကစားခဲ့တဲ့ ဘိုဝင်းဟာ ဒီကလပ်အတွက် ၈ ပွဲတည်းသာ ကစားပြီးနောက် တန်းချခံရချိန်တွင် ဟားလ်စီးတီးသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခဲ့သူပါ။
ဘိုဝင်းရဲ့ ဦးလေးဖြစ်သူမှာ ဘင်မှာ ဟီးယားဖို့ဒ်ကွင်းတွင် ကွင်းတာဝန်ခံအဖြစ် ဆောင်ရွက်နေမှုကလည်း ယခုကဲ့သို့ ကွင်းမြက်ခင်းပြဿနာကို ဖြေရှင်းပေးရေး ဖြစ်လာတဲ့အကြောင်းပြချက်ထဲမှ တစ်ခု ဖြစ်နေပါတယ်။