ခရစ္စတီယာနိုရော်နယ်ဒိုကို အမှတ်ပေးဖလားချန်ပီယံပေးဖို့ ဆော်ဒီလိဂ် လိမ်လည်နေတယ်လို့ အိုင်ဗန်တိုနေး စွပ်စွဲပြောကြားလာ
=====================
အင်္ဂလန်တိုက်စစ်မှူအိုင်ဗန်တိုနေးက ဆော်ဒီအကြီးအကဲများမှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာကို အမှတ်ပေးချန်ပီယံ ဖြစ်စေလိုနေကြောင်း စွပ်စွဲပြောဆိုလာပါတယ်။
အသက် ၃၀ နှစ်ရှိ အယ်လ်အာလီတိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့တုန်းက အယ်လ်ဖိုင်ဟာနှင့် တစ်ဂိုးစီသရေကျပြီးနောက် အင်စတာဂရမ်တွင် ဒေါသတကြီးဖြင့် ပို့စ်တင်လာခဲ့တာလည်း ဖြစ်ပါတယ်။
ယခုရာသီတွင် ၂၇ ဂိုးသွင်းထားတဲ့ တိုနေးက ၎င်းနှင့် ကစားဖော်များက ယင်းပွဲတွင် ရှင်းလင်းတဲ့ ပင်နယ်တီ သုံးကြိမ် ငြင်းပယ်ခံခဲ့ရတယ်လို့ ယုံကြည်နေပါတယ်။
အယ်လ်အာလီဟာ အယ်လ်ဖိုင်ဟာနှင့် သရေကျမှုကြောင့် အမှတ်ပေးဖလားအတွက် အယ်လ်ဟီလာ၊ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာတို့နှင့် ယှဉ်ပြိုင်ရာတွင် ကြီးမားတဲ့ ထိုးနှက်ချက်ကြုံလာခဲ့ရပါတယ်။
တိုနေးအပါအဝင် အယ်လ်အာလီကစားသမားများက ဆော်ဒီလိဂ်အကြီးအကဲများဟာ ခရစ္စတီယာနိုရော်နယ်ဒိုကို ပထမဆုံးဆော်ဒီအမှတ်ပေးဖလား ရရှိစေလိုမှုနှင့်အတူ ယခုကဲ့သို့ ရလဒ်အပေါ် လွှမ်းမိုးလုပ်ဆောင်လာတယ်လို့ အရိပ်အမြွက်ဆိုသွားကြပါသေးတယ်။
အိုင်ဗန်တိုနေးက "ဒိုင်လူကြီးနဲ့ပတ်သက်ပြီး ပြောဖို့ ကြိုးစားတိုင်း သူက အာရှချန်ပီယံလိဂ်အပေါ် အာရုံစိုက်ဖို့ပဲ ပြောတယ်။ ဒီတော့ ဒိုင်နဲ့ပတ်သက်ပြီး ဘယ်လိုများ ပြောရမလဲ။ ပိုပြီး နက်နက်ရှိုင်းရှိုင်းသွားစေချင်ရင် ငါ နက်နက်ရှိုင်းရှိုင်းယား သွားနိုင်တယ်။ ဒါပေမယ့် ဒါက ကျွန်တော့်ကို ဒုက္ခရောက်လာစေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီအတိုင်း ပြောတတ်တဲ့သူပါ။ ဒီရာသီကို ကြည့်လိုက်ရင် ရှင်းလင်းတဲ့ ပင်နယ်တီရှိတယ်။ ဒါပေမယ့် အခု အရေးပါတဲ့အချိန်ရောက်တော့ သူတို့ ပြောင်းလဲလိုက်ကြတယ်"လို့ ပြောကြားသွားပါတယ်။
ယင်းအငြင်းပွားဖွယ်ဆုံးဖြတ်ချက်များကြောင့် ဘယ်သူအကျိုးအမြတ်ရသလဲလို့ မေးမြန်းလာချိန်မှာတော့ တိုနေးက "ဘယ်သူလဲ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့က ဘယ်သူ့ကို လိုက်မီဖို့ ကြိုးစားနေတာလဲ"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟောင်းက "အရေးကြီးတဲ့အချိန်မှာ ဒီလို အရာတွေကို ဘယ်လိုများ လွတ်သွားရတာလဲ ဒါမှမဟုတ် မျက်ကွယ်ပြုနိုင်ရတာလဲ။ လွှမ်းမိုးမှု ရှိနေတယ်ဆိုတာ ရှင်းရှင်းလေးပါ။ VAR က ကျွန်တော့်ကို မျက်နှာလွဲထားချိန်မှာ ဒိုင်လူကြီးက ကွဲပြားတဲ့ ပြိုင်ပွဲကို အာရုံစိုက်ဖို့ ပြောတယ်။ မိနစ် ၉၀ ကျော်က ပထမအဖြစ်အပျက်က ပင်နယ်တီဆိုတာကို ဒိုင်လူကြီးက သဘောတူတယ်။ ဒါကိုသာ ပေးလိုက်ရင် အကူအညီဖြစ်လာမှာပါ။ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်လို့ အမှန်တရားကို ဗွင်းဗွင်းပြောလို့ ကျုပ်ကတော့ လူဆိုးကြီး ဖြစ်နေပြီ"လို့ အင်စတာဂရမ်တွင် ပို့စ်တင်သွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာဟာ တစ်ပွဲလျော့ကစားကာ ဆော်ဒီအမှတ်ပေးဖလားအား ၂ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပါတယ်။