ကိုက် ၄၀ အကွာမှ မယုံကြည်နိုင်စရာ Own Goal သွင်းလာတဲ့ ပေါ်တိုစတား
===================
နော်တင်ဟမ်ဖောရက်စ်ဟာ မနေ့ညတုန်းက ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်တွင် မယုံကြည်နိုင်စရာကောင်းတဲ့ Own Goal ကြောင့် အဖိုးတန်သရေရလဒ် ရယူနိုင်ခဲ့ပါတယ်။
မာတမ်ဖာနန်ဒက်စ်ဟာ ကိုက် ၄၀ အကွာမှ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းပွဲစဉ်တွင် နော်တင်ဟမ်ဖောရက်စ်ဟာ ပွဲအစ ၁၁ မိနစ်တွင် ဝီလီယမ်ဂိုမက်စ်ရဲ့ ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပါတယ်။
ဒါပေမယ့် ၂ မိနစ်အကြာမှာ အသက် ၂၀ နှစ်ရှိ ညာနောက်ခံလူဖာနန်ဒက်စ်က ကိုက် ၄၀ အကွာမှ ဂိုးသမားဒိုင်အိုဂိုကော့စတာအား ဘောလုံးပြန်ပေးခဲ့ပါတယ်။
ဒါပေမယ့် ကော့စတာမှာ ဧရိယာအစပ်တွင် ရှိနေရာ ဘောလုံးကို မတားဆီးနိုင်ဘဲ ဖာနန်ဒက်စ်အတွက် ကိုယ့်ဂိုးကိုယ် ပြန်သွင်းသလို ဖြစ်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ဖာနန်ဒက်စ်အတွက် ပိုပြီးတော့ ဆိုးရွားသွားတာကတော့ နောက် ၇ မိနစ်အကြာမှာ ဒဏ်ရာရရှိပြီး လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပေါ်တူဂီလူငယ်ကစားသမားဟာ ပေါ်တိုအကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှ စတင်ကာ ပေါ်တိုပထမအသင်းတွင် ကစားခွင့်ရလာတာ ဖြစ်ပါတယ်။
သူဟာ ပေါ်တူဂီယူ-၂၁ အသင်းတွင်လည်း ကစားခွင့် ရနေသူ ဖြစ်ပါတယ်။