ရောဘတ်တိုဒီဇာဘီရဲ့ နည်းပြအဖွဲ့ဝင်များထဲမှ ၂ ဦးတည်းကိုသာ ခန့်အပ်လာနိုင်ခဲ့တဲ့ စပါးစ်
====================
စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီဟာ သူနှင့်ပုံမှန်လက်တွဲနေကြ နည်းပြအဖွဲ့ဝင်များထဲမှ နှစ်ဦးတည်းကိုသာ စပါးစ်အသင်းနည်းပြအဖွဲ့တွင် ခန့်အပ်လာနိုင်ခဲ့ပါတယ်။

ရောဘတ်တိုဒီဇာဘီရဲ့ အရေးပါတဲ့ နည်းပြအဖွဲ့ဝင် ၇ ဦးထဲမှ ၂ ဦးတည်းသာလျှင် စပါးစ်ရဲ့ ပရီးမီးယားလိဂ်လက်ကျန် ၇ ပွဲတွင် တာဝန်ထမ်းဆောင်လာကြမှာလည်း ဖြစ်ပါတယ်။

စပါးစ်တွင် ဒီဇာဘီနှင့် ကာလရှည်ကြာ လက်တွဲလာတဲ့ နည်းပြအဖွဲ့ဝင်သစ် ၂ ဦးအဖြစ် ၁၀ နှစ်ကျော်ကြာ လက်တွဲလာတဲ့ ကြံ့ခိုင်ရေးနည်းပြမာကက်တီလီယိုနှင့် စီနီယာဖွံ့ဖြိုးတိုးတက်ရေးနည်းပြမာစယ်လိုကွင်တိုတို့သာ တာဝန်ထမ်းဆောင်လာကြပါမယ်။

ဒီဇာဘီနှင့် မာကက်တီလီယိုတို့ဟာ ဖော့ဂီယာမှာကတည်းက လက်တွဲလာကြတာ ဖြစ်ပြီး ကွင်တိုနှင့် ဘရိုက်တန်မှာကတည်းက လက်တွဲလာတာပါ။

ဒါ့အပြင် ဘရိုက်တန်မှာကတည်းက လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လာတဲ့ အင်ဒရီယာမယ်ဒီရာနှင့် အခြားနည်းပြအဖွဲ့ဝင်များဖြစ်ကြတဲ့ အန်ရီကိုဗန်ကျူရယ်လီတို့မှာ ဒီဇာဘီရှိရာ စပါးစ်တွင် တာဝန်ထမ်းဆောင်လာကြမှာ မဟုတ်ပါဘူး။

ဖေဖော်ဝါရီလတုန်းက ယာယီနည်းပြအိုင်ဂေါ်ကျူဒေါ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဘရူနိုဆယ်တော်က လက်ထောက်နည်းပြအဖြစ် ဆက်လက်ဆောင်ရွက်လာပါမယ်။

ဆယ်တော်ဟာ ဘရိုက်တန်၊ ချဲလ်ဆီးနှင့် ဝက်စ်ဟမ်းတို့တွင် ဂရေဟမ်ပေါ်တာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

နွေရာသီတုန်းက သောမတ်စ်ဖရန့်နှင့်အတူ ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဂိုးနည်းပြဖေဘီယန်အော့တီ၊ အလွတ်တည်ကန်ဘောနည်းပြအင်ဒရီယက်စ်ဂျော့ဆင်၊ တစ်ဦးတည်းစွမ်းဆောင်ရည်နည်းပြကင်မရွန်းကမ်းဘဲလ်တို့မှာလည်း စတူးအပ်လီဝစ်၊ ဒိန်းဘရီလီလည်း ရောဘတ်တိုဒီဇာဘီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လာကြပါမယ်။

ရောဘတ်တိုဒီဇာဘီဟာ စပါးစ်နည်းပြအဖြစ် ပထမဆုံးပွဲအဖြစ် တနင်္ဂနွေနေ့ ဆန်းဒါးလန်းပွဲအား ကြီးကြပ်လာပါမယ်။

image