အီဂျစ်နှင့် ခြေစမ်းပွဲစဉ်မှ ဖြစ်ရပ်အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်အား အရေးယူရန် ဖီဖာလုပ်ဆောင်လာ
===================
ဖီဖာဟာ ပြီးခဲ့တဲ့လတုန်းက စပိန်နှင့် အီဂျစ်ပွဲစဉ်တွင် စပိန်ပရိသတ်များက အစ္စလာမ်ဘာသာမုန်းတီးရေးနှင့် နိုင်ငံခြားသားမုန်းတီးရေး သံပြိုင်အော်ဟစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် စပိန်ဘောလုံးအဖွဲ့ချုပ်အား အရေးယူရေး စတင်လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။

ဘာစီလိုနာရှိ RCDE Stadium တွင် ကစားတဲ့ ယင်းပွဲစဉ်တွင် ပရိသတ်များက အစ္စလာမ်ဘာသာမုန်းတီးရေး သံပြိုင်အော်ဟစ်မှုများ ပြုလုပ်ပြီးနောက် ကြီးမားတဲ့ Screen မှ သတိပေးစာ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းတွင်လည်း ယင်းအဖြစ်အပျက် ထပ်မံ ဖြစ်ပျက်ခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြလူးဝစ်ဒီလာဖူအန်တီတို့က အစ္စလာမ်ဘာသာမုန်းတီးရေး လုပ်ဆောင်မှုအပေါ် အပြင်းအထန် ရှုပ်ချခဲ့ကြကာ ယင်းအပြုအမူများအတွက် ဘောလုံးပွဲတွင် နေရာမရှိကြောင်း ဆိုထားပါတယ်။

ယခုအခါမှာတော့ ဖီဖာဟာ ပရိသတ်များရဲ့ အပြုအမူအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ကို အရေးယူရေး လုပ်ဆောင်လာပြီလည်း ဖြစ်ပါတယ်။

တဖက်တွင် စပိန်ရဲတပ်ဖွဲ့ကလည်း စပိန်နှင့် အီဂျစ်ပွဲစဉ်မှ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကြေညာထားပါတယ်။

အဆိုပါပွဲစဉ်မှာ ဂိုးမရှိသရေဖြင့် ပြီးဆုံးသွားပြီး ၂၀၃၀ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင် စပိန်ဟာ ကမ္ဘာ့အဆင့် နံပါတ် ၁ နေရာကိုလည်း လက်လွှတ်ထားရပါတယ်။

image