စနေနေ့တုန်းက ဘာစီလိုနာနှင့်ပွဲစဉ်မှ ဒိုင်ဆုံးဖြတ်ချက်အပေါ် ဒိုင်အဖွဲ့ချုပ်ထံ အက်သလက်တီကို ဖြေရှင်းချက်တောင်းဆိုထား
==================
အက်သလက်တီကိုမက်ဒရစ်ဟာ စနေနေ့တုန်းက ဘာစီလိုနာနှင့် လာလီဂါပွဲစဉ်မှ မတော်တဆမှုအတွက် စပိန်ဘောလုံးအဖွဲ့ချုပ် ဒိုင်နည်းစနစ်ပိုင်းကော်မတီထံ ဖြေရှင်းချက်တောင်းဆိုထားပါတယ်။
အက်သလက်တီကိုဟာ ယင်းပွဲတွင် ဘာစီလိုနာကစားသမားဂါရတ်မာတင်အား အနီကတ်ပြသပြီးမှ ဖယ်ရှားလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် ဖြေရှင်းချက်တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
ဂါရတ်မာတင်ဟာ ဘောလုံးပေးပို့ရန် ကြိုးပမ်းစဉ် အယ်မာဒါရဲ့ ခြေကျင်းဝတ်ကို နင်းခဲ့တာ ဖြစ်ပါတယ်။ ဒိုင်လူကြီးဘော့စကွက်က မာတင်ကို အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
ဒါပေမယ့် VAR ဒိုင်မီလီရိုလိုပက်ဇ်က ဆုံးဖြတ်ချက်အား ပြန်ပြောင်းရန် ပြောဆိုခဲ့ပြီးနောက် ဘော့စကွက်က အဝါကတ်ပြောင်းလဲ ပြသခဲ့ပါတယ်။
ယင်းနောက် အင်္ဂါနေ့မှာတော့ ဒိုင်နည်းစနစ်ကော်မတီက VAR မှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွင် ဝင်ရောက် မစွက်ဖက်သင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ယခုအခါမှာတော့ အက်သလက်တီကိုဟာ ဒိုင်လူကြီးမှာ အနီကတ်အား အဝါကတ်သို့ မှားယွင်းပြောင်းသမှု ပြုလုပ်ကြောင်း သိရပြီးနောက် ယင်းဆုံးဖြတ်ချက်အတွက် ဖြေရှင်းချက် တောင်းဆိုလာပြီ ဖြစ်ပါတယ်။