နှလုံးဖောက်ပြီး ရက်အနည်းငယ်အကြာတွင် ရိုမေးနီးယားနည်းပြဟောင်းလူဆက်ကူ ကွယ်လွန်
=====================
မာစီယာလူဆက်စ်ကူဟာ ရိုမေးနီးယားနည်းပြရာထူးမှ နုတ်ထွက်ပြီး ၅ ရက်အကြာတွင်ပင် ကွယ်လွန်လာခဲ့ပါတယ်။
အသက် ၈၀ နှစ်ရှိ ဝါရင့်နည်းပြကြီးဟာ လက်ရွေးစင်အသင်းတွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် နှလုံးဖောက်ကာ မေ့လဲကျပြီးနောက် ဧပြီလ ၂ ရက်နေ့တုန်းက ရိုမေးနီးယားနည်းပြရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။
ယင်းနောက် လူဆက်စ်ကူဟာ နောက်တစ်နေ့တွင် နှလုံးရောဂါဝေဒနာထပ်မံ ခံစားရပြီး ဘူခါရက်ရှိ University Hospital တွင် တက်ရောက်ကုသခဲ့ရပြီး ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ကွယ်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။
လူဆက်စ်ကူဟာ ဘောလုံးသမိုင်းတွင် တတိယအအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။
သူဟာ ဆုဖလား ၃၈ လုံးဖြင့် ဆာအဲလက်စ်ဖာဂူဆန် (၄၉)၊ ပက်ဂွါဒီယိုလာ(၄၁)တို့ပြီးလျင် တတိယအအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်နေတာပါ။
လူဆက်စ်ကူဟာ မတ်လ ၂၆ ရက်နေ့တုန်းက တူရကီကို ရှုံးနိမ့်တဲ့ ကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲကို နောက်ဆုံးကိုင်တွယ်ခဲ့တာပါ။
လူဆက်စ်ကူဟာ နည်းပြဘဝအတွင်းတွင် ရိုမေးနီးယားအား ၂ ကြိမ် ကိုင်တွယ်ခဲ့သလို အင်တာမီလန်၊ ရှက်တာဒိုးနက်စ်၊ ဂါလာတာစာရေး၊ ဘီဆစ်တပ်စ်တို့ကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
ဘူခါရက်ဖွားနည်းပြဟာ ၂၀၁၅ ခုနှစ်တုန်းက ချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်ကိုင်တွယ်နိုင်ခဲ့တဲ့ ပဥ္စမြောက်နည်းပြအဖြစ် သမိုင်းမှတ်တမ်းရေးထိုးခဲ့သူလည်း ဖြစ်ပါတယ်။