နိုင်ငံတကာပွဲစဉ်များ သွားကစားပြီး အီရီထရီးယားကစားသမား ၇ ဦး အိမ်ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးနေ
===================
အီရီထရီးယားကစားသမား ၇ ဦးတို့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အက်စ်ဝါတီနီသို့ သွားရောက်ကာ နိုင်ငံတကာပွဲစဉ်သွားကစားပြီး သမိုင်းဝင်နိုင်ပွဲ ရရှိပြီးနောက် အသင်းဖော်များနှင့်အတူ နိုင်ငံသို့ ပြန်လည်လိုက်ပါလာခဲ့ခြင်း မရှိကြောင်း သိရပါတယ်။
အီရီထရီးယားအသင်းသားတို့ဟာ အီရီထရီးယားရဲ့ အိမ်နီးချင်းနိုင်ငံ တောင်အာဖရိကမှ အိမ်ပြန်လာချိန်တွင် ကစားသမား ၇ ဦးတို့ လိုက်ပါလာခဲ့ကြခြင်း မရှိပါဘူး။
ယခင်တုန်းကလည်း အီရီထရီးယားကစားသမားများဟာ နိုင်ငံတကာပွဲစဉ်များ သွားကစားပြီး အသင်းနှင့်အတူ အိမ်ပြန်လာခြင်းမရှိတဲ့ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ဖူးပါတယ်။
အီရီထရီးယားနိုင်ငံသား ထောင်ပေါင်းများစွာတို့ဟာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် နိုင်ငံခြားမှာ နိုင်ငံရေးခိုလှုံမှုများ ပြုလုပ်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
အီရီထရီးယားဟာ အက်စ်ဝါတီနီကို ၂-၁ ဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဖြင့် အနိုင်ရပြီး ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် အာဖရိကဖလားခြေစစ်ပွဲ အုပ်စုအဆင့်သို့ တက်လှမ်းခဲ့ပါတယ်။
အီရီထရီးယားအသင်းသား ၂၄ ဦးမှ ၁၀ ဦးတည်းသာ အီရီထရီးယားတွင် အခြေစိုက်တာ ဖြစ်ပြီး အသင်းခေါင်းဆောင်အက်လီလွမ်တာလီဂီအပါအဝင် ကစားသမား ၃ ဦးတည်းသာ အိမ်ပြန်လာခဲ့ကြပါတယ်။
လက်ရှိအချိန်တွင် ကျန် ကစားသမား ၇ ဦးတို့မှာ ဘယ်နေရာရောက်နေလဲ မသိရပေမယ့်လည်း အချို့ကလည်း တောင်အာဖရိကတွင် ရှိနေကြောင်း ဆိုနေကြပါတယ်။