သင်္ကြန်ကာလတွင် ယာဉ်မောင်းများ အရက်သေစာသောက်စားထားခြင်းရှိ/ မရှိ အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် စစ်ဆေးမည်
သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းသူများ လိုက်နာရမည် အချက်များ ထုတ်ပြန်
လာမည် သင်္ကြန်ကာလတွင် ယာဉ်မောင်းသူများအား အရက်သေစာသောက်စားထားခြင်းရှိ/ မရှိ ကို အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် တိုင်းတာ စစ်ဆေး၍ ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။
၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန်အချက် ၁၁ ချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းနှင်သူများ အနေဖြင့် မူးယစ်သောက်စားယာဉ်မမောင်းရန်၊ အပျော်လွန်ကျူး စည်းကမ်းမဲ့ပြိုင်မမောင်းရ၊ လုမမောင်းရ၊ မော်တော်ယာဉ်များတွင် အိတ်ဇောပိုက်ဖြုတ်မမောင်းရ စသည့်အချက်များပါဝင်ကြောင်း သိရသည်။
ထိုပြင်နိုင်ငံတကာအလံများ ယာဉ်တွင်တပ်ဆင်၍ မောင်းနှင်ခြင်း မပြုရန် ၊ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်/ ဘေးတွဲ ဆိုင်ကယ်များမှ စီးနင်းခြင်း လုံးဝမပြုရန် လည်း သတိပေူချက်တွင် ဖော်ပြထားသည်။
အဆိုပါ သတ်မှတ်ချက်များကို ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ပြီး ယာဉ်မောင်းသူများအား အရက်သေစာသောက်စားထားခြင်းရှိ/ မရှိ အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် တိုင်းတာ စစ်ဆေး၍ ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။