ချက်ချင်းအပ-စ်ရပ်ရေး အဆိုပြုချက်ကိုယူအက်စ်နှင့် အီရန်တို့ ရရှိထား

အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ယနေ့ပင် အသက်ဝင်နိုင်သည့် ရန်လိုမှုများကို အဆုံးသတ်ရေးနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးတို့အတွက် အစီအစဉ်တစ်ရပ်ကို လက်ခံရရှိထားသည်ဟု အဆိုပြုချက်များကို သိရှိသော သတင်းရင်းမြစ်တစ်ခုက ရို-က်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ရန်လိုမှုများ အဆုံးသတ်ရေး မူဘောင်တစ်ခုကို ပါကစ္စတန်က ရေးဆွဲခဲ့ပြီး အီရန်၊ အမေရိကတို့နှင့် ညတွင်းချင်း ဖလှယ်ခဲ့ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့ပြီး ချက်ချင်းအပ-စ်အခတ်ရပ်စဲရန်နှင့်အတူ အဆင့်နှစ်ဆင့်ပါသော ချဉ်းကပ်မှုကို ပြုလုပ်ပြီးနောက်တွင် ကျယ်ပြန့်သောသဘောတူညီချက်ရယူရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒီနေ့မှာ အချက်အားလုံးကို သဘောတူညီဖို့ လိုအပ်ပါတယ်” ဟု သတင်းရင်းမြစ်က ပြောကြားခဲ့ပြီး ကနဦးနားလည်မှုရရှိမှုကို ဆွေးနွေးပွဲများတွင် တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပါကစ္စတန်မှတဆင့် အီလက်ထရွန်းနစ်နည်းဖြင့် အပြီးသတ်ထားသော နားလည်မှုစာချွန်လွှာအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အမေရိက၊ အီရန်နှင့် ဒေသတွင်းမှ ကြားဝင်ညှိနှိုင်းသူများသည် စစ်ပွဲအဆုံးသတ်နိုင်စေမည့် အဆင့်နှစ်ဆင့်ပါသောသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၄၅ ရက်ကြာ အပ-စ်အခတ်ရပ်စဲရေး အလားအလာကို ဆွေးနွေးနေကြောင်း အမေရိက၊ အစ္စရေးနှင့် ဒေသတွင်း သတင်းရင်းမြစ်များကို ကိုးကား၍ ယမန်နေ့တွင် Axios သတင်းဌာနက ပထမဆုံး သတင်းဖော်ပြခဲ့သည်။

ပါကစ္စတန်စစ်တပ်အကြီးအကဲ ဖီးလ်မာရှယ် အာဆင်းမူနီယာသည် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်၊ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီတို့နှစ် တစ်ညလုံး ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ်က ရိုက်တာကို ပြောကြားခဲ့သည်။

Ref: တိုင်းမ်ဆော့ဖ်အစ္စရေး

image