သဘောမတူလျှင်အီရန်ကိုတစ်ညတည်းဖြင့်ဖျက်ဆီးပစ်နိုင်--ထရမ့်ပ်

ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော အင်္ဂါနေ့တွင် သဘောတူညီမှုမရပါက အီရန်ကို တစ်ညတည်းဖြင့် ဖျ-က်ဆီးပစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။ စစ်ပွဲရပ်တန့်မည် မရပ်တန့်မည်ကို ၎င်းက ပြောဆိုခြင်းမရှိဘဲ အီရန်၏ လုပ်ရပ်များအပေါ် မူတည်သည့် အရေးကြီးသောကာလဟု ခေါ်ဆိုခဲ့သည်။

အီရန်၏ တံတားများနှင့် ဓာတ်အားပေးစက်ရုံများကို တို-က်ခိုက်မည်ဟု ထရမ့်ပ်က ထပ်မံခြိမ်းခြောက်ခဲ့ပြီး အီရန်ပြည်သူများအနေဖြင့် အဆုံးသတ်တွင် ၎င်းတို့၏ လွတ်လပ်မှုကို ရရှိမည်ဆိုပါက ဒုက္ခအခက်အခဲကိုရင်ဆိုင်လိုကြမည်ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့သော တို-က်ခိုက်မှုမျိုးလုပ်လာပါက အကျိုးဆက်သည် ဒေသတွင်းကို ကျော်လွန်သွားလိမ့်မည်ဟု တေရန်ဘက်က သတိပေးခဲ့သည်။

၄၅ ရက်ကြာ အပ-စ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသော နိုင်ငံများက ရေးဆွဲထားသည့် အဆိုပြုချက်သည် သိသာထင်ရှားသော ခြေလှမ်းတစ်ခုအဖြစ် တနင်္လာနေ့အစောပိုင်းက ထရမ့်ပ်က ပြောကြားခဲ့သော်လည်း လုံလောက်မှု မရှိသေးဟု ဆိုခဲ့သည်။ အီရန်ကမူ အဆိုပြုချက်ကို ပယ်ချခဲ့ပြီး စစ်ပွဲကို ထာဝရအဆုံးသတ်ရေးကို တောင်းဆိုခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။

အီရန်တပ်များသည် တပ်မှူးများလုပ်ကြံသ-တ်ဖြတ်ခံရရုံဖြင့် နောက်တွန့်သွားမည်မဟုတ်ကြောင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

Ref: စီအင်န်အင်န်

image