မန္တလေးမှာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှု အတော်ပြီးစီးနေ

မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော် ကျင်းပဖို့ မန္တလေးမြို့က ကျုံးပတ်လည်မှာ လမ်းလျှောက်သင်္ကြန်အတွက် မဏ္ဍပ်တွေဆောက် လုပ်နေတာမှာ ပြီးစီးလုနီးပါးဖြစ်နေပါပြီ။

ကျုံးပတ်လည်မှာ အလျား ပေ ၂၀၀ နဲ့ အကျယ်ကတော့ ပေ ၂၅ ရှိတဲ့ ရေကစားမဏ္ဍပ်ကြီး စုစုပေါင်း ၁၅ ခု၊ အလျား ပေ ၃၀ နဲ့ အနံ ၂၅ ပေ ရှိ ရေကစားမဏ္ဍပ်အသေး ၂၆ ခု ရှိမှာဖြစ်ပြီး အဲ့ဒီ ရေကစားမဏ္ဍပ်တွေမှာ မနက်ခင်းပိုင်းနဲ့ ညနေခင်းပိုင်းတွေမှာ မြန်မာမုန့်နဲ့ မုန့်လက်ဆောင်၊ရွှေရင်အေး၊ မုန့်လုံးရေပေါ် မျိုးစုံတို့ကို စတုဒိတာ ဒါနပြုလုပ်ကြမယ်လို့ သိရပါတယ်။

ဖျော်ဖြေရေးအနေနဲ့ ကျုံးပတ်လည်က ရေကစားမဏ္ဍပ်ကြီးတွေမှာ

၁။ ချယ်ရီသင်း (အဆိုတော်)
၂။ ဖိုးသောကြာ (သရုပ်ဆောင်၊ အဆိုတော်)
၃။ မယ်လိုဒီ (သရုပ်ဆောင်၊ အဆိုတော်)
၄။ အေးမြဖြူ (အဆိုတော်)
၅။ မေသန်းနု (သရုပ်ဆောင်)
၆။ ဇော်ကို (အဆိုတော်)
၇။ ရဲထွဋ်ကျော် (သရုပ်ဆောင်၊ အဆိုတော်)
၈။ ခင်ရတနာစိုး (အဆိုတော်)
၉။ ထွန်းရတီ (အဆိုတော်)
၁၀။ ခိုင်မာလွင် (အကပညာရှင်)
၁၁။ အောင်ကျော်ဆန်း (ယဉ်ကျေးမှု)
၁၂။ ဇာနည်အောင် (ယဉ်ကျေးမှု)
၁၃။ ရှင်မင်း (အဆိုတော်)
၁၄။ ခိုင်ဇင်လင်း (အဆိုတော်)
၁၅။ မေသက်ထားဆွေ (အဆိုတော်)
၁၆။ ချစ်စွဲသာ (အဆိုတော်)
၁၇။ ပိုးဖြူဖြူအောင် (အဆိုတော်)
၁၈။အိုင်ရင်းဇင်မာမြင့်(အဆိုတော်)
၁၉။နီနီခင်ဇော်(အဆိုတော်)
၂၀။ဖြိုးမြတ်အောင်(အဆိုတော်)
၂၁။ မေလံအောင်ပိုင် (အဆိုတော်)
၂၂။ ပိုင်သစ် (အဆိုတော်)
၂၃။ တင်မျိုးဦး (အဆိုတော်)
၂၄။ ထင်လင်းအောင် (အဆိုတော်)
၂၅။ Kha Kha (DJ - မန္တလေး)
၂၆။ AD1 Band (တီးဝိုင်း)
၂၇။ မြို့မ (တီးဝိုင်း)
၂၈။ ဗိုလ်နိုင်မြန်မာ့ဆိုင်းဝိုင်းတော်ကြီး
၂၉။ K Pop အဖွဲ့

တို့က အလှည့်ကျ ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယာဥ်မဝင်ရ သတ်မှတ်ထားတဲ့နေရာတွေကတော့

ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၂ လမ်း မှ ၂၇ လမ်းအထိ မည်သည့်ယာဥ်မှ မဝင်ရ။

ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၆၅ လမ်းမှ ၇၈ လမ်းအထိ မည်သည့်ယာဥ်မှ မဝင်ရ။

ကျုံးအနောက်ဘက်ဘက် လမ်း ၈၀၊ ၁၂ လမ်းမှ ၂၆ လမ်းအထိ (လမ်းအရှေ့ဘက်ခြမ်း၊ ကျုံးဘက်ခြမ်း) မည်သည့်ယာဥ်မှ မဝင်ရ၊ အနောက်ဘက်လမ်း အသုံးပြုလို့ရ။

ကျုံးမြောက်ဘက်ခြမ်း ၁၂ လမ်း၊ ၆၆ လမ်းမှ လမ်း ၈၀ အထိ (ကျုံးဘက်ခြမ်း၊ တောင်ဘက်လမ်း) မည်သည့်ယာဥ်မှ ဝင်ခွင့်မပြု၊ မြောက်ဘက်ခြမ်းလမ်း အသုံးပြုလို့ရ။

တောင်သမန်လွင်ပြင်နဲ့ မင်္ဂလာမန္တလေးမှာလည်း မဏ္ဍပ်အကြီး(၁)ခုနဲ့ ၊မဏ္ဍပ်အသေးတွေက(၂၈) ခုနဲ့ဖျော်ဖြေမှာဖြစ်တယ်လို့ သိရပါတယ်။

image