နိုင်ငံတကာအဆင့်မှီသင်ရိုးညွှန်းတမ်းများ အလုပ်သင်လေယာဥ်မှူးလေ့ကျင့်ရေးအစီအစဥ်ကို MAI နှင့် အင်ဒိုနီးရှားနိုင်ငံ Perkasa Flight School တို့ပူးပေါင်းဖွင့်လှစ်

နိုင်ငံတကာအဆင့်မှီသင်ရိုးညွှန်းတမ်းများဖြင့်သင်ကြားပေးသည့် အလုပ်သင်လေယာဥ်မှူးလေ့ကျင့်ရေးအစီအစဥ်ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Perkasa Flight School တို့ပူးပေါင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဥ်အား လေကြောင်းလုပ်ငန်းကဏ္ဍတွင်ဝါသနာပါပြီး ကျွမ်းကျင်လေယာဉ်မှူးတစ်ဦးအဖြစ်ရပ်တည်လိုသူများအတွက်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကာ စာတွေ့၊ လက်တွေ့ပျံသန်းမှုလေ့ကျင့်ခန်းနှင့် ပျံသန်းမှုသရုပ်ပြလေ့ကျင့်စက်၊ နည်းစနစ်ကျသော လေယာဉ်မှူးလေ့ကျင့်ရေးအစီအစဉ်များ၊ နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများဖြင့် စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်တန်းကာလအတွင်း စွမ်းဆောင်ရည်ထူးချွန်ကောင်းမွန်သော သင်တန်းသားများကို MAI လေ ကြောင်းလိုင်း၏ သတ်မှတ်ထားသော အလုပ်ခန့်အပ်ခြင်းဆိုင်ရာစည်းမျဉ်းစည်း ကမ်းများနှင့်အညီ လေယာဉ်မှူးအဖြစ်ခန့်အပ်ရန် ဦးစားပေးစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။

image